Professional Authors

မြေခွေးမလေး

ကြာခဲ့ပြီတစ်နေ.
ငါ့ရှေ.မှာ မျက်လုံးဝိုင်းဝိုင်းနဲ. အစာရှာသလို မော့ကြည့်လာ
သနားပါတယ်
နှလုံးသားကို နည်းနည်းလေးလှီးပြီးချကျွေးလိုက်တယ်
အားရ၀မ်းသာထိုးဟပ်
ပြီး နှုတ်ခမ်းကို လျာလေးနဲ.တစ်ချက်နှစ်ချက်သပ်
မတင်းတိမ်သလိုမော့ကြည့်ပြီးနောက်က လိုက်လာ
ဒီလိုနဲ. နောက်ထက်နည်းနည်းချကျွေး
ငါသွားရာမှာသူပျော်မွေ.ခဲ့ပြီ
နှလုံးသားကို နည်းနည်းချင်းလှီးကျွေးပြီး သူ.ကိုငါပိုင်ဆိုင်ခဲ့
နှလုံးသားကို နည်းနည်းချင်းလှီးကျွေးပြီး မေမြို.ကိုတက်လည်တယ်
နှလုံးသားကို နည်းနည်းချင်းလှီးကျွေးပြီး ကျုံးဘေးမှာထိုင်တယ်
နှလုံးသားကို နည်းနည်းချင်းလှီးကျွေးပြီး နှစ်ယောက်တဲလေးတွေရှာတယ်
နှလုံးသားကို နည်းနည်းချင်းလှီးကျွေးပြီး သူ.ဘ၀ကို အနိုင်ယူခဲ့
ကြာတော့လည်းသနားလာခဲ့တယ်
နှလုံးသားကို နည်းနည်းချင်းလှီးကျွေးထားရုံနဲ. သူကဘ၀ပါပေးရတာ
အဲဒီလိုနဲ.တစ်နေ.
ငါ့ရင်ခွင်ကိုသူ.ခေါင်းနဲ.တိုးဝှေ.
သူ.ကိုလုံးလှလှလေးကို ဆတ်ကနဲခါချ
နောက်ကိုတစ်လှမ်းဆုတ်
နှုတ်ဆက်သလိုမော့ကြည့်ပြီး သူထွက်သွားတယ်
အဲဒါနဲ. ကဗျာကရာရင်ဘတ်အပေါက်ထဲ လက်ထိုးထည့်ပြီးထုံးစံအတိုင်း
လှိုက်ဟာသွားအောင်အံ့အားတသင့် ကြောင်အနေမိတာက ငါ့နှလုံးသားမရှိတော့ဘူး
သူ.ကိုကျွေးရင်း ကုန်ဆုံးသွားခဲ့
သူကတော့ လေထဲကို မျက်နှာလေးမော့ပြီး နှလုံးသားအနံ. တနေရာရာမှာ ရှိသလိုမျိုး
နောက်ကို မကြည့်စတမ်း အမှောင်ထဲကို တိုးဝင်သွားခဲ့
သူပြောလိုက်တာလား ကိုယ်ပြောလိုက်တာလားမသေချာတဲ့ အသံတော့ကြားတယ်
အပေးအယူမှန်သမျှ အမြတ်ရယ်လို. ပြစရာ နှစ်ဘက်စလုံးမှာမရှိဘူး။      ။

In: ကဗျာ Posted By: Date: Jul 6, 2011
Comment #1

အပေးအယူမှန်သမျှ အမြတ်ရယ်လို. ပြစရာ နှစ်ဘက်စလုံးမှာမရှိဘူး။ ။……..
.
……………………………………great!!!

commentinfo By: အသဲကွဲမိုး at Jul 6, 2011
Comment #2

အပေးအယူမှန်သမျှ အမြတ်ရယ်လို. ပြစရာ နှစ်ဘက်စလုံးမှာမရှိဘူး။ ။

ပုံဖော်ထားတာလေး..အရမ်းမိုက်တယ်..ဗျာ….။ 🙂

commentinfo By: terry at Jul 6, 2011
Comment #3

ဟားးးးးးးး….ကိုမော်နီ…လက်သံပြောင်လှချည်လားဗျာ…တကယ်လေးစား ပါတယ်…အားပေးပါတယ် အကို..။

commentinfo By: ကျော်လင်းထိုက် at Jul 6, 2011
Comment #4

သိပ်ကောင်း…။

Comment #5

အားပေးသွားတယ်နော်

commentinfo By: myintmo at Jul 6, 2011
Comment #6

အရမ်းကြိုက်သွားပြီအစ်ကို
မိုက်တယ်…..:)

commentinfo By: anatyong at Jul 6, 2011
Comment #7

အပေးအယူမှန်သမျှ အမြတ်ရယ်လို. ပြစရာ နှစ်ဘက်စလုံးမှာမရှိဘူး။ ။

အမြတ်မရှိပေမဲ့
တစ်ယောက်ယောက်ကတော့ရှုံးမှာသေခြာပါတယ်…။
သစ္စာ….မျှော်လင့်ချက်….ယုံကြည်မှုတို့တစ်ခုခုပေါ့…။
ကိုမော်နီပျော်ရွှင်ပါစေ……….။

commentinfo By: ♥ ကဗျာချစ်သူ ♥ at Jul 8, 2011
Comment #8

ကောင်းလိုက်တာဗျာ …။

commentinfo By: chityellusoelay at Aug 18, 2011
Comment #9

a yan chit phoe kaung de,,
he,,he,,
a yan kyike de

commentinfo By: ei lay at Feb 28, 2012
Comment #10

အရမ်းမိုက်တယ်….ကောင်းလိုက်တဲ့အတွေး…..

commentinfo By: ပပ at Mar 5, 2012
Comment #11

facebook မှာတင်ပေးလို့ရလား အစ်ကို…ညီမမေးတာဖြေပေးပါနော်

commentinfo By: ပပ at Mar 5, 2012
Comment #12

Super Super like

commentinfo By: ei lay at Nov 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment