Professional Authors

တကယ်တော. အချစ်ဆိုတာ

အနားမညီဘူး ဆိုတာထက်
မက်တဲ့သူရဲ့ အိပ်မက်မှာ
လိုအပ်မှုတွေ ပိုများတယ်

တကယ်တော. ပေးဆပ်ခြင်းဆိုတာ
စကားလုံး သတ်သတ်အဖြစ်နဲ့ပဲ
ယုံတမ်းစကားထဲမှာကျန်ခဲ့တယ်

တစ်ချိန်က သူ ရယ် ကျတော် ရယ် အိပ်မက် တစ်ချို.ရယ် ပုံပြင်အဖြစ်ရှိခဲ့ဖူးတယ်

မျက်နှာလှည်.တဲ့ဘက်အမှန်ဆိုတဲ့စိတ်နဲ့
ကျောချင်းကပ်ရပ်ခဲ့ဖူးပါတယ်
မာနတွေခ၀ါမချနိုင်တော.
ကံကြမာကိုရိုးမယ်ဖွဲ့ကြတယ်
ဟုတ်ပါတယ် မှားပေးလိုက်ပါ
လောက ကြီးရယ်

လူဆိုတာ ဘယ်တော.မှ အလိုပြည်.နိုင်တဲ့သူတွေမှမဟုတ်ကြတာပဲ

တစ်ခါတစ်ခါတော.
စုန်ဆင်းကြည်.တယ်
တစ်ခါတစ်ခါလည်း
ဆန်တက်ကြည်.တယ်
တစ်ကယ်တော.
ကူးခတ်ခြင်းဆိုတာ
လောကဓံကပေးတဲ့
ဒဏ်ရာဒဏ်ချက်
တစ်ခုသာသာပါပဲ

ညတိုင်းမက်တတ်တဲ့အိပ်မက်တွေအကြောင်း
နေ.တိုင်းတွေးတတ်တဲ့ စိတ်ကူးတွေအကြောင်း
ရင်ထဲဖြစ်လာတဲ့ ခံစားချက်တွေအကြောင်း
မှန်ကန်စွာပြောပြခဲ့ဖူးတယ်
မှန်ကန်ခြင်းဆိုတာ
ငါ.ရင်ကိုဝှက်ထားတဲ့
နတ်ဆိုးတစ်ကောင်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်

တစ်ကယ်တော.လည်း အချစ် ဆိုတာ
အိပ်မက်တစ်ခု
ပန်းခင်းထဲတွင်ဆောက်ထားသည်
ပန်းမခူးသူများ
မ၀်ရ…………………………………

In: ကဗျာ Posted By: Date: Jan 23, 2012
Comment #1

တစ်ခါတစ်ခါတော.
စုန်ဆင်းကြည်.တယ်
တစ်ခါတစ်ခါလည်း
ဆန်တက်ကြည်.တယ်
တစ်ကယ်တော.
ကူးခတ်ခြင်းဆိုတာ
လောကဓံကပေးတဲ့
ဒဏ်ရာဒဏ်ချက်
တစ်ခုသာသာပါပဲ
………….
နှစ်သက်စွာ အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Jan 24, 2012
Comment #2

တစ်ကယ်တော.
ကူးခတ်ခြင်းဆိုတာ
လောကဓံကပေးတဲ့
ဒဏ်ရာဒဏ်ချက်
တစ်ခုသာသာပါပဲ……သိပ်မှန်တာပေါ့ဗျာ…..

commentinfo By: sharon myorr myor at Jan 24, 2012
Comment #3

ကဗျာလေးကောင်းလိုက်တာ

commentinfo By: NC at Jan 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment