Professional Authors

စည်း

ငါ့ရဲ့ နှလုံးသားကို သူငယ်ချင်းဆိုတဲ့
ဓားနဲ့ထောက်ထားတယ်….
ငါပြောမယ့်စကားလုံးတွေကို
အဖြူရောင်စည်းနဲ့ ကာရံထားပါရဲ့ …….
နာကျည်းမှုတွေကို သာပေးခဲ့တဲ့သူမ
ငါ့ရဲ့ပျော်ရွှင်မှုနဲ့ ငါ့ရဲ့မေတ္တာတွေကို
နှစ်ခြိုက်စွာ စားသုံးခဲ့တဲ့ သူမ
အရာရာပြောင်းလဲသွားခဲ့ပြီ….
အရင်ကပြောနေကျ
အားပေးတဲ့စကားတွေ
နှစ်သိမ့်တဲ့စကားတွေက လွင့်ပြယ်သွားခဲ့ပြီ…..
ငါဟာ နင်သုံးနေတဲ့ မာယာထဲမှာ
အစဉ်ရှုံးနေတဲ့ ကဗျာဆရာပဲလားဟင်……
ထွက်သွားပါ
ငါ့နှလုံးသားနဲ့ ဝေးရာဆီပေါ့….
ငါ့ရင်ခွင်နဲ့ ဝေးရာဆီပေါ့….
ငါ့အိမ်မက်နဲ့ဝေးရာဆီပေါ့…..
ငါ့စိတ်ကူးနဲ့ ဝေးရာဆီပေါ့…..

 

In: ကဗျာ Posted By: Date: Jun 17, 2012
Comment #1

tan phoe hma ma htar tar,,

commentinfo By: ei lay at Jun 17, 2012
Comment #2

calm down ….. pls tell slowly.. good luck .

commentinfo By: cynthia at Jun 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment