Professional Authors

ဝေဒနာ ခရီးသွား

 

ဘဝကပေးတဲ့ သမိုင်းတစ်ပုဒ်နဲ့
အလုပ်တွေရှုပ်ထွေးရင်း နေလောင်ပြင်မှာ
သစ်စိမ်းချိုးပမာ အချိုးခံလိုက်ရတာ
မရေရာတဲ့ မသေခြာတဲ့ ရင်ခွင်မှာ
မှေးစက်မိလို့ အခုတော့လည်း
ဒဏ်ရာတွေနဲ့ ဝေဒနာတွေနဲ့
ငါ့ ဘဝသမိုင်းထဲ ပြည့်ကျပ်လို့ ခံစားနေဆဲ…။

 

ခုတ်မောင်းနေဆဲ လျှောက်လှမ်းနေဆဲ
ဝင်စရာမရှိတဲ့ မှတ်တိုင်တွေလည်း
ကျော်ဖြတ်နေဆဲ အထီးကျန်နေဆဲ
သို့သော်……
မာယာများလွန်းတဲ့ ကံကြမ္မာအချိုးအကွေ့တွေက
ငါ့ကို စိန်ခေါ်ခဲ့လို့ မနေ့က ငါဟာ
ဒီနေ့တော့ မာယာများ ကောင်းကင်လွှာက
တိမ်ပြာတွေလို ငါ့ စိတ်တွေ ဆော့ကစားနေဆဲ…။

 

အဓိပ္ပာယ်မဲ့တဲ့ နေ့ရက်တွေနဲ့
နေ့ညတွေကို ဖြတ်သန်းခဲ့
နှစ်လတွေရဲ့ သုဿာန်ပြင်မှာ
စိတ္တဇတွေ ကိုယ်စီနဲ့ မညီညာတဲ့
ဘဝခရောင်းလမ်းကို အချို့အကွေ့များစွာနဲ့
ဖြတ်သန်း လျှောက်လှမ်းနေဆဲ
အခုတော့လည်း ငါ့ ဘဝက
လွင်ပြင်တခုလိုပဲလေ….။

 

 

တက္ကသိုလ်မြတ်မင်း

http://www.myatminnpoem.blogspot.com

In: ကဗျာ Posted By: Date: Feb 27, 2012
Comment #1

ကောင်းတယ် ကိုမြတ်မင်းရေ့

commentinfo By: kantkawmg at Feb 27, 2012
Comment #2

ဒဏ်ရာတွေနဲ့ ဝေဒနာတွေနဲ့
ငါ့ ဘဝသမိုင်းထဲ ပြည့်ကျပ်လို့ ခံစားနေဆဲ…။
မာယာများလွန်းတဲ့ ကံကြမ္မာအချိုးအကွေ့တွေက
ငါ့ကို စိန်ခေါ်ခဲ့လို့
စိတ္တဇတွေ ကိုယ်စီနဲ့ မညီညာတဲ့
ဘဝခရောင်းလမ်းကို အချို့အကွေ့များစွာနဲ့
ဖြတ်သန်း လျှောက်လှမ်းနေဆဲ

commentinfo By: sone.pyuu at Feb 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment