Professional Authors

ဝေဒနာ အမှတ် ( ၁ ) ( လူမော်ငြိမ်း )

အသက်လောက် ချစ်တယ်လို့ မပြောဝံ့ပါဘူး ။
အချစ်က အသက်ဖြစ်လာလို့ ခက်နေရတယ် ။

အော်နေပေမယ့် အသံမထွက်ဘူး ။
ငိုနေပေမယ့် မျက်ရည်မကျဘူး ။

မြိုသိပ်ရင်း အသိဥာဏ်တွေ
အငွေ့ပျံတော့မယ် ထင်ပါရဲ့ ။

သောကတွေ စီးပိုးထားတဲ့
ငါ့ခန္ဓာဟာ ဘာအသုံးကျသလဲ ။

ဟန်ဆောင်တတ်ပေမယ့်
သည်းခံနိုင်ဖို့ ကျတော့ ခက်တယ် ။

ဒီတော့ … အခု ငါ့မှာ
ပူနွေးစီးကပ်နေရတယ် ။

ဖြေပါ … ဘယ်လိုငြိမ်းသတ်ရပါ့မလဲ ။

လူမော်ငြိမ်း
Wednesday , March 23 , 2011

In: ကဗျာ Posted By: Date: Mar 23, 2011
Comment #1

ဒီတော့ … အခု ငါ့မှာ
ပူနွေးစီးကပ်နေရတယ် ။

ဖြေပါ … ဘယ်လိုငြိမ်းသတ်ရပါ့မလဲ ။ ။
် အရံမီးသတ် သမားကို ခေါ်ပေးရမလား ဟဲ ဟဲ စတာပါ ကို လူမော်ငြိမ်း
ကောင်းတယ် အားပေးသွားတယ် ။

commentinfo By: gadounlay at Mar 23, 2011
Comment #2

နွေရောက်ပြီဆိုတော့
ဒီလိုပဲပေါ့လေ ။
ကျေးဇူးပါ … gadounlay .

Comment #3

အမှတ်(၂) ဖတ်ပီးမှ (၁) ဖတ်ရတာဆိုတော့…(၂) ကိုပိုကြိုက်တယ်.. 🙂

commentinfo By: ရွှေငါး at Apr 9, 2011
Comment #4

ဟာ အချစ်တွေပါလာပြီဗျို့ …ဟား ….
အားပေးဖတ်၇ူနေပါတယ် ကိုလူမော်ငြိမ်းေ၇ ဒန် အလည်ေ၇ာက်လာတယ်။

commentinfo By: dan at Apr 19, 2011
Comment #5

အသက်လောက် ချစ်တယ်လို့ မပြောဝံ့ပါဘူး ။
အချစ်က အသက်ဖြစ်လာလို့ ခက်နေရတယ် ။
~~ Lan tal~~

commentinfo By: Mikyae at Apr 19, 2011
Comment #6

ရွှေငါး , Dan နဲ့ Mikyae တို့ရဲ့
Comment တွေကြောင့်
Online ပြန်တက်ဖြစ်တဲ့
ပထမဆုံးနေ့က မင်္ဂလာရှိသွားတယ်
ကျေးဇူးတင်ပါတယ်တယ်ဗျာ ။

Comment #7

like this poem xooo much

commentinfo By: athaekwelmoe at Apr 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment