Professional Authors

ခရီးသွားခြင်း

မှန်တာကိုလည်း သိတယ်
မှားတာကိုလည်း သိတယ်
မှားတာကိုသိရဲ့သားနဲ့လည်း ပျော်နေတတ်သလို
မှန်တာကို သိရဲ့သားနဲ့လည်း ၀မ်းနည်းနေတတ်တယ်

တစ်စစီ ပြတ်ထွက်နေတဲ့ အပိုင်းအစတွေကို
တစ်ခါတစ်လေမှာ
တန်ဖိုးထားယုယတတ်ပေမယ့်

တစ်ခါတစ်လေ မှာတော့
အပိုင်းအစတွေကို ဖန်တီး ပြုလုပ်သူ တစ်ယောက်
ဖြစ်ချင်နေမိမယ်။

ယုတ်မာရိုင်းစိုင်းမှုကို သိုဝှက်လို့
ရိုးသား ဖြောင့်မတ်မှုတွေကို

ထည်လဲ သုံးဆောင်ချင်တဲ့သူတွေလည်း ရှိနေတတ်တယ်။

မာကျောမှုကို သိုးမွေးနဲ့ ဖုံးလို့
ပျော့ညံ့မှုကို မာကြောကြော
မျက်နှာပေးနဲ့ မလုံမလဲ
ဖုံးဖိ နေတတ်သူလည်းရှိမယ်။

လမ်းမှန်ရောက်အောင်
မီးမောင်းထိုးပြမယ့်သူဖြစ်ပေမယ့်

လမ်းမှားရောက်အောင်
ဆွဲဆောင်နိုင်တဲ့သူလည်း
ဖြစ်ကောင်းဖြစ်လိမ့်မယ်

ဒါကြောင့် ….
ယုံကြည်မှုကို မှန်ပါးပါးလေးလုပ်ပြီး
အကဲဖြတ်မှုစာအုပ်ကို
ရင်မှာပိုက်လို့
ဘ၀ခရီးကို
ပျော်ရွှင်စွာလျှောက်လှမ်းနိုင်ကြပါစေလို့…

Leave Comments

Name*

Email*
Website
Email me whenever there is new comment