Professional Authors

ဒီဇင်ဘာ ၃၁ !

ဒီနေ့
ပြက္ခဒိန် ၁ ခုရဲ့ နောက်ဆုံးပဲ
မနက်ဖြန်ဆို
တစ်ဖန် ရှေ့ဆက်ရမယ့် နေ့စွဲအသစ်တွေလေ။

နင် …… မှတ်မိသေးရဲ့လား
ဒို့ ၂ ယောက်အတွက် ဒီလိုနေ့ပဲလေ
ငါ……………..
နင်…………..
ကြည်နူးမှုတွေအပြည့်ပဲလေ။
အခုတော့လည်း
ငါ……………
ကြေကွဲမှုတွေ ပြည့်နေတယ်ဆိုတာ
နင် ၁ ယောက်
သိနေမယ်ဆိုလည်း မသိသလိုသာ နေပေးလိုက်ပါ
ငါ…………….
ရက်စက်ခြင်းဆိုတဲ့ ဝေါဟာရကို အသက်သွင်းပြီး
ငါ့ခံစားချက်အားလုံးအတွက်
(ငါ့ကိုယ်ငါ)သင်ခန်းစာပေးချင်လို့ပါ
ဒီလိုနေ့အတွက်။

ပြက္ခဒိန်ဟာ ၁ နှစ်တာကို ကိုယ်စားပြုတာဆို
ရက်စွဲတွေဟာလည်း ၁ နှစ်တာရဲ့ နေ့ရက်တွေကို ကိုစားပြုခဲ့တာပေါ့။
နှစ်ဟောင်းကို စွန့်ခွာလို့
နှစ်သစ်ကို ကူးပြောင်းပေမယ့်လည်း
နင် နဲ့ ငါ ဆိုတဲ့ နေ့ရက် (ရက်စွဲ) တွေက
တွေ့ကြုံရအုန်းမှာပေါ့
ငါ ………. နွေးထွေးသတိရစွာ နဲ့ ဖြတ်သန်းသွားမှာ
ဒီလို နေ့ရက်တွေ ရောက်လာတိုင်းကိုပေါ့။

ငါ ရဲ့ ပြက္ခဒိန်အဟောင်းလေး
နင် …………….
ရှေ့ဆက်ရမယ့် နေ့စွဲတွေမှာ
အတိတ်ဆိုတဲ့(အရိပ်)အဖြစ်သာ ရှင်သန်နေပြီပေါ့နော်။

ငါ့ရဲ့ သေဆုံးမသွားသေးတဲ့ အရိပ်လေး(နင်)
ငါတို့ ရဲ့ ဖြတ်သန်းတွေ့ကြုံခဲ့ရတဲ့
ပျော်ရွှင်ခြင်း …. ကြည်နူးခြင်း … နာကျင်ထိခိုက်ခြင်း …လွမ်းမောခြင်းများဆိုတဲ့
အပျော် … အပြုံး ………… အလွမ်း …. အဆွေး ခံစားချက်တွေနဲ့အတူ
ဒီဇင်ဘာ ၃၁ ရက်နေ့
ဒီနေ့မှာပဲ ချန်ထားရစ်လိုက်ပြီ။

(၃၁-၁၂-၂ဝ၁ဝ)

In: ကဗျာ Posted By: Date: Dec 31, 2010
Comment #1

အမ ပန်းအိက ရေးရင်းနဲ့ လက်ပိုပိုတက်လာတယ်……:)
အားပေးပါတယ်ဗျာ….

commentinfo By: moehtetaung18 at Dec 31, 2010
Comment #2

ကျေးဇူးပါ။ ပန်းအိ အမြဲလည်း ကြိုးစားသွားမှာပါ။ ကဗျာတွေလည်း ရေးသွားအုန်းမှာပါ။

commentinfo By: pannei at Dec 31, 2010
Comment #3

ဟုတ်ကဲ့ပါ….ကျွန်တော်က ကဗျာရေးတဲ့ သူတွေအားလုံးကို
ကဗျာဆရာ၊ကဗျာဆရာမတွေဖြစ်စေချင်ပါတယ်ဗျာ…..
အားပေးနေပါတယ်……:)

commentinfo By: moehtetaung18 at Dec 31, 2010
Comment #4

ကျွန်တော်လည်း အားပေးသွားတယ် ပန်းအိရေ……. ကောင်းပါတယ်ဗျာ…………..

Leave Comments

Name*

Email*
Website
Email me whenever there is new comment