Professional Authors

မောင့်ရဲ့ လမ်းပြကြယ်…….

အေးမြနေပါတယ်
ကျွန်မတို့ရဲ့ ခရီးလမ်း
မုန်တိုင်းတွေ ဘယ်လောက်ထန်ထန်
ကျွန်မ မောင့်ရဲ့ဘေးမှာ ရှိနေတယ်။
 
အရှုံးတွေထဲက တဖြည်းဖြည်း ရုန်းထပေးပါ
ဒီနေ့တွေ ပြီးရင်
ကြုံဆုံရမယ့် အချိန်နာရီ
အပြုံးတွေ ဝေဆာကြရဖို့ရှိတယ်….။
 
အနာဂတ်ကိုလည်း ရင်ဆိုင်ကြရမယ်
ကျွန်မက မောင့်ဘဝ
ကျွန်မရဲ့ လက်တစ်စုံနဲ့ မောင် လွတ်မြောက်စေဖို့
ဟိုး……..အတိတ်တွေထဲကလည်း ဆွဲခေါ်ပေးမယ်….။
 
မရေမရာတွေရဲ့ နှိပ်စက်ခြင်းရဲ့ဒဏ်
ကျွန်မတို့ သံယောဇဉ်တွယ်ပြီးတဲ့နောက်
မောင့်ဆီ နောက်ထပ်လည်း ရောက်မလာစေရဘူး…။
 
ဆူးခင်းလမ်းဆိုရင်
ကတ္တီပါ အသွင်ပြောင်းအောင်
ကျွန်မတို့ ယုံကြည်ခြင်းနဲ့
ကြိုးစားပြီး ဖန်ဆင်းယူနိုင်တယ်….။
 
လိုအပ်ချက်တွေ ဖြည့်ဖို့
မောင့်အတွက် အတွေးအခေါ်တွေ
ဆောင်ကျဉ်းပေးထားတယ်
ဟိုအရင်က အနမ်းလိုပဲ
ကျွန်မ မောင့်ကို ငြိမ်းချမ်းစေမယ်….။
 
“ရှင်သန်လိုက်ကြစို့မောင်”
တစ်ချိန်ချိန်ကို မှန်းဆပြီး
နှလုံးသား နှစ်ခုလုံးအတွက်
အရိပ်အာဝါသကို
ပုံဖော်ယူကြမယ်…..။
 
တောင့်တမှုတွေက လောဘကြီးတယ်ဆိုရင်
ဒီက ကျွန်မကိုပဲ
လက်ညှိုးညွှန်လိုက်ပါ
မောင့်ကို လက်တွဲဖော်ကောင်းဖြစ်စေချင်တဲ့……ဆန္ဒနဲ့
ကျွန်မက မောင့်ရဲ့
အမြဲတမ်း လမ်းပြကြယ် ပေါ့…..။     ။
In: ကဗျာ Posted By: Date: Jun 6, 2011
Comment #1

လမ်းပြကြယ်လေး…..ေ၇…
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 6, 2011
Comment #2

တောင့်တမှုတွေက လောဘကြီးတယ်ဆိုရင်
ဒီက ကျွန်မကိုပဲ
လက်ညှိုးညွှန်လိုက်ပါ
မောင့်ကို လက်တွဲဖော်ကောင်းဖြစ်စေချင်တဲ့……ဆန္ဒနဲ့
ကျွန်မက မောင့်ရဲ့
အမြဲတမ်း လမ်းပြကြယ် ပေါ့…..။ ။

commentinfo By: ခင်ဘုန်းနေ at Jun 15, 2011
Comment #3

wow,,,,,,,,,
thz u so much,,,
thu u so much,,,
he,,he,,

commentinfo By: ei lay at Sep 14, 2011
Comment #4

အနာဂတ်ကိုလည်း ရင်ဆိုင်ကြရမယ်
ကျွန်မက မောင့်ဘဝ
ကျွန်မရဲ့ လက်တစ်စုံနဲ့ မောင် လွတ်မြောက်စေဖို့
ဟိုး……..အတိတ်တွေထဲကလည်း ဆွဲခေါ်ပေးမယ်….။
…………..
ကဗျာလေးလှလိုက်တာဗျာ….အရမ်းကြိုက်တယ်

commentinfo By: အသဲကွဲမိုး at Nov 21, 2011
Comment #5

အရမ်းကြိုက်တယ် …….. ခုချိန်စိတ်ထဲမှာ ရှိနေတာနဲ့ တကယ်တူတယ် …

commentinfo By: မီးအိမ်ရှင်မလေး at Dec 8, 2011
Comment #6

တောင့်တမှုတွေက လောဘကြီးတယ်ဆိုရင်
ဒီက ကျွန်မကိုပဲ
လက်ညှိုးညွှန်လိုက်ပါ
မောင့်ကို လက်တွဲဖော်ကောင်းဖြစ်စေချင်တဲ့……ဆန္ဒနဲ့
ကျွန်မက မောင့်ရဲ့
အမြဲတမ်း လမ်းပြကြယ် ပေါ့…..။ ။

commentinfo By: မီးအိမ်ရှင်မလေး at Dec 8, 2011
Comment #7

Always beside u
😛

commentinfo By: ei lay at Sep 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment