Professional Authors

မိန်းခလေးတစ်ယောက်၏အနာတရများ

မောကိုမောတာ။ပြီးတော့ 
အရှိုက်တည့် တည့် ကိုထိုးကြိတ်ခံလိုက်ရသလိုအောင့် သက်သက်ခံစားမှု့ များ။
ဒီစကားကိုနားနဲ့ ပဲနားထောင်ခဲ့ ရမှာ။နှလုံးသားကကြားနာတက်ဖို့ ဘယ်တုန်းက
တက်မြောက်ခဲ့ ပါလိမ့် လို့ ကိုယ့် ဘာသာသံသယတွေတောင်ဝင်မိတယ်။
ကိုယ့် ကိုကိုယ်ယုံကြည်ချတက်ကင်းမဲ့ အောင်လဲထိုးနှက်နိုင်လွန်းတဲ့ ဝေဒနာဆိုး
တွေပဲလို့ သိလိုက်ချိန်အရာရာဟာမိန်းခလေး

တစ်ယောက်အနေနဲ့ အတော်လေး
နောက်ကျနေခဲ့ ပြီလေ။
×××××××××××××××××××
ချစ်ခြင်းရဲ့ အခြားတစ်ဖက်မှာရှိနေတက်တဲ့ နတ်ဆိုးတွေရဲ့ ခြေသံဟာသူမနဲ့ ပိုပြီး
တော့ နီးစပ်လာသယောင်
       အို…………သိပ်ခတ်တာပဲ
ဒါဟာအဆန်းကြယ်ဆုံးထိရှမှု့ တွေပဲလား။
တလှပ်လှပ်တုန်ခါနေတဲ့ နှလုံးသားကိုအသိတရားပေါင်းများစွာနဲ့ ထိန်းချုပ်လိုက်ရဲ့ 
နဲ့ ကိုပူနွေးစွာစီးကျလာတဲ့ ပါးပြင်ထက်ကမျက်ရည်စက်များ
        ….မောင်ရယ်……
တိုးညှင်းစွာညဉ်းတွားရင်ချစ်သူရဲ့ မျက်နှာကိုစေငုစွာစိုက်ကြည့် လိုက်သည်။
ရက်စက်တက်လိုက်တာနော်။
ချိန်ထိုးစဉ်းစားပေးမဲ့ ကိုယ်ချင်းစာစိတ်တွေပျောက်ဆုံးနေတဲ့ မျက်ဝန်းနဲ့ ဆုံးဖြတ်
ချက်ကိုယတိပြက်ချထားသောပုံစံ
        …မောင်တို့ လမ်းခွဲရအောင်နဒီ….
ဒုတိယအကြိမ်ထွက်ပေါ်လာသောမောင့် အသံကိုနားထောင်ရင်းတစ်ဆို့ မွန်းကျပ်
နေတဲ့ အမောတွေကိုရင်ဆိုင်နိုင်အောင်သူမမျက်ရည်စများကိုသုတ်ပစ်လိုက်ရင်း
စိတ်ကိုတင်းလိုက်သည်။
သို့ တိုင်အောင်ရင်ဘတ်ထဲဖျပ်ဖျပ်လူးအောင်နာကျင်ဆဲ။
မာန်တင်းလျှက်ပင်လေသံကိုအတည်ငြိမ်ဆုံးထွက်နိုင်အောင်အားယူလိုက်သည်။
ပြီးမှ……
         ….ဘာကြောင့် လဲမောင်……..
ဟုတ်တယ်လေ။နှလုံးသားချင်းထပ်တူချယစ်မူးပျော်ရွှင်ခဲ့ ပြီးကာမှဒီလိုစကားလုံးမျိုး
ပြောထွက်တဲ့ သူဆီကအနည်းဆုံးအကြောင်းပြချက်တစ်ခုလောက်တော့ ပြန်တောင်း
သင့် သည်မဟုတ်လား။
အကြင်နာတရားတွေဟာလိုအပ်ချက်တစ်ခုခုပြည့် ဝပြီးသွားရင်ခမ်းခြောက်ပျောက်ဆုံး
တက်တယ်ဆိုတာမောင်တဆို့ ယောကျာ်းတွေရဲ့ ချစ်ခြင်းမေတ္တာလားမောင်
လူးလူးလွန့် လွန့် မက်မောခဲ့ တဲ့ ထိတွေ့ မှု့ တွေဟာအမြဲတမ်းစားသုံးနေရတဲ့ ဟင်းတစ်
ခွက်စာလောက်တောင်ဆွဲဆောင်မှု့ မှု့ မရှိတော့ ဘူးလားဟင်…….
        ….တစ်ခုခုပြောပါဦးမောင်…..….
သူမမကြားချင်ပါပဲနှင့် နောက်တစ်ခေါက်ထပ်မေးမိသည်။
အယူဝါဒ၊စိတ်ခံစားမှု့ ဆုံးဖြတ်ချက်များဒါတွေအားလုံးချစ်သူသက်တမ်းတစ်လျှောက်လုံး
တူညီခဲ့ ပြီးကာမှလမ်းခွဲကျောခိုင်ထွက်ဖို့ နှုတ်ဆက်ရက်သူ။
တစ်ကယ်တော့ လိုအပ်ချက်တစ်ခုခုကြောင့် ရိုးသားခြင်းများစွာကိုကျွန်မအတွက်ဟန်
ဆောင်ချုပ်လုပ်ခဲ့ တာလားမောင်…….
         …..မှတ်မိသေးလားမောင်……...
လေမတိုက်မိုးမရွာဖောက်ပြန်တဲ့ ရာသီဥတုမရှိတဲ့ တစ်နေ့ မှာကြွေကျခဲ့ တဲ
့ပန်းတစ်ပွင့် နဲ့ 
သူ့ ရဲ့ ရနံ့ အကြောင်း။
နမ်းရှိုက်စားသုံးခံခဲ့ ရတာတောင်ခပ်ရဲရဲပဲနွမ်းခြောက်ခဲ့ ဖူးတာ။
အဲ့ ဒါဟာမောင့် ကိုယုံစားမိတဲ့ ကျွန်မရဲ့ အကြွင်းမဲ့ သောမေတ္တာတရားရဲ့ အစအနလေးတွေ
ပါမောင်။
မောင့် ကိုသိပ်ချစ်ခဲ့ တဲ့ ကျွန်မရဲ့ ချစ်ခြင်းတွေပါ။
ထားလိုက်ပါတော့ မောင်ရယ်။
အရာဝတ္ထုတွေ၊ပြယုဂ်တွေဟန်ဆောင်လိမ်ညာခြင်းတွေအပေါ်မျာပျော်ဝင်မိသူကျွန်မအတွက်
တော့ နှလုံးသားဟာကြက်ခြေခတ်တစ်ခုနဲ့ ပဲတန်းတယ်ပေါ့ ။
ဒါပေမဲ့ မခိုင်လုံရင်တောင်တစ်သက်စာလုံးခံစားသိမ်းဆည်းသွားလို့ ရနိုင်မဲ
့စကားလုံးလေး
တစ်ခုခုတော့ ပြောပြပေးပါမောင်ရယ်။
လိုက်လျောညီထွေမဟုတ်ပဲကျကွဲခဲ့ ရတဲ့ ရင်လှိုက်သံတွေမောဟိုက်သံတွေမှာဘ၀တစ်ခုလုံး
ရဲ့ ယုံကြည်ကိုးစားမှု့ တွေပါတယ်ဆိုတာမောင်မသိခဲ့ တာလား။
မသိချင်ဟန်ဆောင်နေခဲ့ တာလားဟင်။
သူမချစ်သူမျက်နှာကိုရီဝေစွာတစ်ရှိုက်မတ်မတ်ခိုးကြည့် ရင်းမျက်ရည်တို
့ကိုသုတ်လိုက်ပြန်
သည်။
ပျက်စီးဆုံးရှုံးတော့ မဲ့ စိတ်ကူးယဉ်ကမ္ဘာတစ်ခုကိုဖက်တွယ်ထားလို့ မရတော့ မဲ့ အတူတူ
ထိုက်တန်တဲ့ တန်ပြန်မှု့ မဟုတ်ရင်တောင်အမှတ်တရဖြစ်နေစေမဲ့ တုန့် ပြန်မှု
့တစ်ခုခုပေး
ဖို့ စဉ်းစားမိပြန်သည်.။
သစ်စိမ်းချိုးဆက်ဆံမှု့ တွေအတွက်နာကျည်းခံပြင်းစိတ်အဖြစ်ပြောင်း
ဒေါသကိုအထိန်းအကွပ်မဲ့ စွာလွှတ်ရင်းသူ့ ပါးကိုဘယ်ပြန်ညာပြန်ရိုက်နိုင်အောင်ကြိုးစား
လိုက်သော်လည်းအချည်းအနှီးသာ။
ရင်ထဲမှာထုထည်ခိုင်မာပြီးသားချစ်ခြင်းမေတ္တာကြောင့် အဲ့ ဒီစိတ်ကလေးကြာကြာမခံခဲ့ ။
          …..မင်းကိုခံစားလို့ မရတော့ လို့ နဒီ……
ရငိ့ သီးပြက်သားစွာထွက်ပေါ်လာသောစကားလုံးနှင့် အတူချစ်သူသည်သူ့ ကိုကျောခိုင်း
ကာထွက်ခွါသွားလေတော့ သည်။
မြင်နေရသောချစ်သူ၏ကျောပြင်ကိုကြည့် ရင်းကျန်နေခဲ့ တဲ့ ချစ်သူ၏စကားလုံးတို့ သည်
သူမနှလုံးသားထဲမှာပဲတင်ထပ်လျှက်
ရက်ရောစွာကြင်နာတက်ခဲ့ မှု့ သည်
လိုက်လျောမှု့ အစွမ်းကုန်စိုက်ထူခဲ့ ခြင်းတို့ သည်
ပေးဆပ်ခြင်းအဆုံးမဲ့ ခြင်းတို့ သည်မိန်းမတစ်ယောက်၏ဂုဏ်သိက္ခာနှင့် အရှက်တရားတို့ 
ကိုထိခိုက်ပွန်းရှစေခဲ့ သည်လား
ထင်မှတ်မထားသူသည်မျှော်လင့် မထားသောဆက်ဆံရေးဖြင့် သူမ၏စိတ်ခံစားမှု့ ကို
ဒဏ်ရာအနာတရဖြစ်အောင်ဖန်တီးခဲ့ ခြင်းသည်
တစ်ကယ်ဆိုလျှင်သူမ၏ယုံကြည်လွန်းမှု့ ကြောင့် ပုံအပ်ခဲ့ ရသော
ဘ၀ရဲ့ အကြီးမှားဆုံးသင်ခန်းစာတစ်ခုဖြစ်နေတော့ မည်ကိုတော့ ယုံမှားသံသယ
ရှိစရာမလိုတော့ုပြီလေ။

                                                           မင်းလူန

In: ကဗျာ Posted By: Date: Feb 24, 2012
Comment #1

စားပြီးနားမလည် ၀ါးပြိးထွေးထုတ် မောင်လုပ်ရက်တယ်နော်….. 🙂

တော်တော်ကောင်းပါ၏။ ကြိုက်တယ်။

commentinfo By: moezat at Feb 24, 2012
Comment #2

ကြိုက်တယ် .. ဂျူး ရေးဟန်နဲ့ ဆင်သလို .. ဒါမဲ့လဲ မတူပြန်ဘူး … အေးချမ်းအိမ်သူနဲ့ တူသလို .. ဒါလဲမဟုတ်ပြန်ဘူး … တမျိုးလေးရယ် … ဖတ်လို့ကောင်းတယ် …

commentinfo By: Nge Lay at Feb 24, 2012
Comment #3

arr pay twar par d,

commentinfo By: ei lay at Feb 25, 2012
Comment #4

အရမ်းကြိုက်တယ် ဒီလိုခံစားမှုမျိုးရေးနိုင်တာ you တော်လို.ပါ

commentinfo By: pk at Feb 28, 2012
Comment #5

မိန်းကလေး တစ်ယောက်အတွက် ခံစားပြီး ရေးပေးထားတာ စာရေးဆရာပေးချင်တဲ သင်ခန်းစာလေးကို လှလှလေး တန်ဆာဆင်ပြီး ရေးသွားတယ်လို့ ခံစားရပါတယ်…

commentinfo By: ဖြိုးသီရိ at May 31, 2012
Comment #6

hote de,,,
a yan kaung de,,

yout kyar tway ka a yan kyauk phoe kaung de naw.
yout kyar tway ka kou chit thu ko loak kyan tat phyat phoe le win ma lay bu,
yout kyar tway ka a yan yet sat de,,
yout kyar tway ka kha na kha na phout pyan de,

commentinfo By: ei lay at May 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment