Professional Authors

ကဗျာပိုင်ရှင်ကငါမဟုတ်ရင်……………မင်းပေါ့ ဟန်နီပို

ငါ့ ကိုယ်တိုင်
ကဗျာဖြစ်သွားသောအခါ
ကဗျာသည်
လေထဲတွင်တိုက်အိမ်ဆောက်သည်
နူကလီးယားဓါတ်ပေါင်းဖိုဆောက်သည်
အချစ်ကိုနှင်းဆီနီနီပေးပြီးလမ်းခွဲသည်
စပယ်ကြိုက်သူကို………..
စပယ်နှင့် ဆွဲဆောင်သည်
စစ်ပွဲများအား…………….
တားမြစ်ပိတ်ပင်သည်
အကြမ်းဖက်သူများအား
ကားစင်တင်သည်
မနက်ဖြန်တွေကိုပိုလင်းလက်စေရန်
အလင်းရောင်အားကောင်းသော
အပူချိန်အားနည်းသော
နေနှစ်စင်းထွက်စေခဲ့ သည်
ရာဇ၀င်များအားလှန်လှော်ကာ
ချစ်သူအားအလွမ်းများ၏ကောက်ကြောင်းဆက်သ
ခံစားစေသည်
ရိုးသားမှု့ ကိုအဖြူရောင်ခြယ်မှု န်းသည်
ကမ္ဘာပိုပြီးပူလာတာကိုထိန်းချုပ်သည်
ပါတ်ဝန်ကျင်ထိန်းသိမ်းရေးဆိုင်ရာ
အဖွဲ့ အစည်းများအား
ကမကထ………..ဦးဆောင်သည်
ဂလိုဘယ်လိုက်ဇေးရှင်းအား
အပြစ်ကင်းသောလေထုရပ်ဝန်းများနှင့် 
သန့် စင်စေခဲ့ သည်
အဲ့ ဒီလိုဖြစ်တည်မှု့ တွေကို
သင်္ခါရဟုကြည့် တက်အောင်လဲ
တရားတော်တွေရဲ့ အဆုံးအမကိုခံယူသည်
ဒါပေမဲ့ 
ဟန်နီပို……….ရေ
ငါဒီနေ့ အသက်ရှင်သန်မှု့ကို
မင်းဖန်ဆင်းတာမို့ 
မနက်ဖြန်အတွက်မင်းဟာငါဖြစ်နေပြီး
ငါသည်မင်း၏ကဗျာဖြစ်သည်။
ထို့ ကြောင့် အရာရာကိုစေညွှန်းသူသည်
ကဗျာပိုင်ရှင်သာဖြစ်ခဲ့ လေသည်ပေါ့ 

In: ကဗျာ Posted By: Date: Jul 8, 2010
Comment #1

ကို
ကို့အချစ်တွေအတွက် ကျေးဇူးပါ..အမြဲတန်ဖိုးထားပါ့မယ်…

commentinfo By: ............................ at Jul 8, 2010
Comment #2

ကဗျာလေးက တော်တော်ကောင်းပါသည် ဒါပေမယ့် စာလုံးပေါင်းမှန်ရင် ပိုကောင်းမယ်လို့ ထင်မြင်မိပါသည်။

ပါတ်ဝန်ကျင်ထိန်းသန်းရေးဆိုင်ရာ>>>> ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ

commentinfo By: မနောဖြူလေး at Jul 8, 2010
Comment #3

ဟုတ်…ပြင်လိုက်ပါ့ မယ်ခင်ဗျား

commentinfo By: kathitni1980 at Jul 8, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment