Professional Authors

ပြယုဂ်မဲ့ ………………..မင်းလူန

သွန်းဆစ်သမျှခွန်းလှစ်ဟကျူး
လှမှူးသခင်၊မင်းရင်ခွင်ဆီ
သဲဦးပန်းငယ်ကမ်းမိသည်………………….
မကြုံစဖူး၊အချစ်ဦးမို့ 
ရူးကြောင်ကြောင်ပင်ဖြစ်ခဲ့ သည်
မြင်မြင်သမျှ၊မင်းပဲဟလို့ 
လွှဲလွှဲုံမှားမှားမှတ်ယူသည်။
ကြားသမျှအသံ၊မင်းထင်ပြန်လည်
ခပ်လွှဲလွှဲလေးဖြစ်မိသည်။
ရူးလိုက်နှမ်းလိုက်၊ငါဖြစ်ခိုက်မှာ
မင်းကစိတ်ကြိုက်လှည့် စားသည်။
မင်းစေသမျှ၊ကျေနပ်ရမည်
ကတိပီဖို့ နှလုံးသားလေး
ပေးလိုက်သည်။
ဒါတောင်မင်းကထားသွားသည်။
ငါ့ ချစ်များလဲစုတ်ပြက်သည်။
ရာသီမရှိဖောက်ပြန်သည်။
ပြက္ခဒိန်များပျောက်ဆုံးသည်၊
နရီစည်းချက်မှားသွားသည်
ကမ္ဘာကြီးလဲပြားခဲ့ သည်။
မင်းလဲအိမ်ထောင်ကျသွားပြီ
ငါ နှင်ငါ့ ခန္ဒာကွဲတော့ မည်။
တရားများများမှတ်မိသည်။
ဒါကြောင့် ကဗျာရေးလိုက်သည်
သြော်……………..
ဝေဒနာကိုနရီတွေကုစားကုန်ပါပေါ့ 

                                                  မင်းလူန 

In: ကဗျာ Posted By: Date: Sep 7, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment