Professional Authors

မေ့လျှော့သွားတဲ့ညီမျှခြင်း

ပုစ္ဆာတိုင်းကို အဖြေတစ်ခုထွက်ဖို့ ကြားခံနယ် ညီမျှခြင်းလိုတယ်..
ကျောင်းတော်ကြီးကသင်ပေးလိုက်တဲ့သင်္ချာဗေဒ တိုင်းကိုတွက်ချက်တဲ့ခါ
ညီမျှခြင်းခံပီးအဖြေမှန်ချပြခဲ့ရတယ်။  အဖြေတွေကတော့ ကွက်တိပဲ ။

ဘ၀ကျောင်းတော်ကြီးကိုတက်ရောက်ခဲ့ရတော့လဲ …
ငါတို့ပုစ္ဆာတိုင်းကို ညီမျှခြင်းနဲ့ချိန်ပြခဲ့ရတယ်… အဖြေတွေလဲ မှန်တချက်၊ မမှန်တချက်နဲ့ ။

နင်နဲ့ ငါ လဲ မတူညီတဲ့ ၊ ခြားနားခြင်းများစွာထဲက
ပေါင်းစပ်ဖို့ တွက်ချက်နေတာအကြိမ်ကြိမ် ၊ စာမျက်နှာပေါင်းများစွာပေါ်မှာ
ဖျက်လိုက်၊ ခြစ်လိုက် အမှားပေါင်း များစွာနဲ့ပေါ့ ….
အဖြေမှန်ဖို့ ငါတို့ ရဲ့ချစ်ခြင်းတွေကို ပုစ္ဆာ ချတွက်ရင်း အဖြေမှန်ကပျောက်ပျောက်လာတယ်..

မှင်ရည်တွေကျဲလာတယ်……… စာရွက်တွှေရှားပါးပစ္စည်းဖြစ်နေပီ………
အဖြေမထွက်ဘူး…………နှစ်ယောက်သားပေါင်းဖို့အရေး ငါတို့မေ့လျှော့စွာညီမျှခြင်းမထိုးခဲ့ကြဘူး …..

In: ကဗျာ Posted By: Date: Feb 18, 2012
Comment #1

မေခရေ… မနေ့က တင်တာနဲ့…?

commentinfo By: kantkawmg at Feb 18, 2012
Comment #2

မှင်ရည်တွေကျဲလာတယ်……… စာရွက်တွှေရှားပါးပစ္စည်းဖြစ်နေပီ………
အဖြေမထွက်ဘူး…………နှစ်ယောက်သားပေါင်းဖို့အရေး ငါတို့မေ့လျှော့စွာညီမျှခြင်းမထိုးခဲ့ကြဘူး …..

commentinfo By: nate thit at Mar 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment