Professional Authors

မေ့လျော့နေသောညီမျှခြင်း

့ပုစ္ဆာတိုင်းကို အဖြေတစ်ခုထွက်ဖို့ ကြားခံနယ် ညီမျှခြင်းလိုတယ်..
ကျောင်းတော်ကြီးကသင်ပေးလိုက်တဲ့သင်္ချာဗေဒ တိုင်းကိုတွက်ချက်တဲ့ခါ
ညီမျှခြင်းခံပီးအဖြေမှန်ချပြခဲ့ရတယ်။  အဖြေတွေကတော့ ကွက်တိပဲ ။

ဘ၀ကျောင်းတော်ကြီးကိုတက်ရောက်ခဲ့ရတော့လဲ …
ငါတို့ပုစ္ဆာတိုင်းကို ညီမျှခြင်းနဲ့ချိန်ပြခဲ့ရတယ်… အဖြေတွေလဲ မှန်တချက်၊ မမှန်တချက်နဲ့ ။

နင်နဲ့ ငါ လဲ မတူညီတဲ့ ၊ ခြားနားခြင်းများစွာထဲက
ပေါင်းစပ်ဖို့ တွက်ချက်နေတာအကြိမ်ကြိမ် ၊ စာမျက်နှာပေါင်းများစွာပေါ်မှာ
ဖျက်လိုက်၊ ခြစ်လိုက် အမှားပေါင်း များစွာနဲ့ပေါ့ ….
အဖြေမှန်ဖို့ ငါတို့ ရဲ့ချစ်ခြင်းတွေကို ပုစ္ဆာ ချတွက်ရင်း အဖြေမှန်ကပျောက်ပျောက်လာတယ်..

မှင်ရည်တွေကျဲလာတယ်……… စာရွက်တွှေရှားပါးပစ္စည်းဖြစ်နေပီ………
အဖြေမထွက်ဘူး…………နှစ်ယောက်သားပေါင်းဖို့အရေး ငါတို့မေ့လျှော့စွာညီမျှခြင်းမထိုးခဲ့ကြဘူး …..

In: ကဗျာ Posted By: Date: Feb 17, 2012
Comment #1

ဘ၀ကျောင်းတော်ကြီးကိုတက်ရောက်ခဲ့ရတော့လဲ …
ငါတို့ပုစ္ဆာတိုင်းကို ညီမျှခြင်းနဲ့ချိန်ပြခဲ့ရတယ်… အဖြေတွေလဲ မှန်တချက်၊ မမှန်တချက်နဲ့ ။

အမှန်ပဲ မေခရယ်…

commentinfo By: kantkawmg at Feb 17, 2012
Comment #2

မှင်ရည်တွေကျဲလာတယ်……… စာရွက်တွှေရှားပါးပစ္စည်းဖြစ်နေပီ………
အဖြေမထွက်ဘူး…………နှစ်ယောက်သားပေါင်းဖို့အရေး ငါတို့မေ့လျှော့စွာညီမျှခြင်းမထိုးခဲ့ကြဘူး …..
ကွက်တိ..heart ထိတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Feb 17, 2012
Comment #3

မေ့ မှမေ့တတ်တယ် ဗျာ……

commentinfo By: moehtetaung18 at Feb 17, 2012
Comment #4

ချစ်ခြင်းပုစ္ဆာတွေမှ မဟုတ်ပါဘူးမမေခရယ်
ဘယ်လိုပုစ္ဆာမျိုးမဆို အဖြေမှန်ဖို့ချတွက်ရင်း
အဖြေမှန်က ပျောက်ပျောက်လာခဲ့ပါတယ်

ချစ်ခင်လျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at Feb 17, 2012
Comment #5

နင်နဲ့ ငါ လဲ မတူညီတဲ့ ၊ ခြားနားခြင်းများစွာထဲက
ပေါင်းစပ်ဖို့ တွက်ချက်နေတာအကြိမ်ကြိမ် ၊ စာမျက်နှာပေါင်းများစွာပေါ်မှာ
ဖျက်လိုက်၊ ခြစ်လိုက် အမှားပေါင်း များစွာနဲ့ပေါ့ ….
အဖြေမှန်ဖို့ ငါတို့ ရဲ့ချစ်ခြင်းတွေကို ပုစ္ဆာ ချတွက်ရင်း အဖြေမှန်ကပျောက်ပျောက်လာတယ်..

မှင်ရည်တွေကျဲလာတယ်……… စာရွက်တွှေရှားပါးပစ္စည်းဖြစ်နေပီ………
အဖြေမထွက်ဘူး…………နှစ်ယောက်သားပေါင်းဖို့အရေး ငါတို့မေ့လျှော့စွာညီမျှခြင်းမထိုးခဲ့ကြဘူး …..

ကျွန်တော့်ကို ဒတ်ခနဲ ထိသွားတယ် မမေခ 😀

commentinfo By: မောင်မြတ်သူ at Feb 18, 2012
Comment #6

အလုံးတွေကတော့ လိုက်လို့မမှီအောင်ကိုလှတယ်မမေခရေ
အားပေးသွားတယ် ။

commentinfo By: X - ray at Feb 18, 2012
Comment #7

အကြောင်းရာလေးကကို ခိုက်တယ်ဗျာ
လေးစားပါတယ်

commentinfo By: sharon myorr myor at Feb 18, 2012
Comment #8

သြော်…ငါ့အမရယ်…ဘယ်လိုစကားလုံးမျိုးနဲ့ပြောပြရမှန်းတောင်မသိတော့ဘူး..ကဗျာဖတ်ပြီးတော့
ထပ်တူခံစားသွားပါတယ်…အမ

commentinfo By: poem.poem28 at Feb 18, 2012
Comment #9

နင်နဲ့ ငါ လဲ မတူညီတဲ့ ၊ ခြားနားခြင်းများစွာထဲက
ပေါင်းစပ်ဖို့ တွက်ချက်နေတာအကြိမ်ကြိမ် ၊ စာမျက်နှာပေါင်းများစွာပေါ်မှာ
ဖျက်လိုက်၊ ခြစ်လိုက် အမှားပေါင်း များစွာနဲ့ပေါ့ ….
အဖြေမှန်ဖို့ ငါတို့ ရဲ့ချစ်ခြင်းတွေကို ပုစ္ဆာ ချတွက်ရင်း အဖြေမှန်ကပျောက်ပျောက်လာတယ်..

မိုက်တယ်နော်

commentinfo By: Village chat kyi at Feb 18, 2012
Comment #10

ဝင်ရောက်ဖတ်ရှုအားပေးတဲ့ကဗျာချစ်သူမောင်နှတွေကို အထူးပဲကျေးဇူးတင်ပါတယ်နော်…..

commentinfo By: May Kha at Feb 18, 2012
Comment #11

အားပေးသွားတယ်………..
ဖတ်ပီးဘာပြောရမှန်းတောင်မသိအောင်စွံအသွားပါတယ်…
နောက်တခါမမေ့ပါနဲ့…….. 😛

commentinfo By: Wai Yan at Feb 19, 2012
Comment #12

ကြိုက်တယ်ဗျာ ဖတ်သွားပါတယ်

commentinfo By: sone.pyuu at Feb 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment