Professional Authors

လွတ်မြောက်ခြင်း

ထိလွယ်ရှလွယ် နှလုံးသားတစုံနဲ့
ကြေလွယ်ကွဲလွယ်တတ်တဲ့အဖြစ်
မာချင်ယောင်ဆောင်ထားတဲ့
စိတ်ဓါတ်အပျော့စားများအတွက်
အလွမ်းတွေကတသက်စာ…..

မာန်တင်းထားတဲ့နောက်က
ပုန်းလျှိုးကွယ်ဝှက်သိမ်ငယ်ခြင်းတွေ
နှိမ့်ချထားခြင်းရဲ့တဘက်ကမ်းက
မကျွတ်မလွတ်မာနတွေ
ဒီသံသရာဟာအရှည်ဆုံးပါ….

အချစ်စစ်တွေရဲ့
ဝေးကွာခြင်းကျိန်စာတွေအကြား
ရာစုသစ်ပိုးဖလံများနဲ့
ရဲရဲကြီးတိုးဝင်ခဲ့ပေါ့

မလွန်ဆန်နိုင်သော
အကြောင်းတရားကောင်းများရဲ့နောက်
အချစ်တွေလောင်ကျွမ်းခဲ့ကြ
ဝမ်းနည်းခွင့်မရလိုက်ခင်ပဲ
အပြီးသတ်ခွဲခွါခြင်းတွေ ခေါ်ဆောင်သွားကြ
ပြာမှုန်တချို့တလေနဲ့အတူ
ငါ…ခမ်းနားစွာပျောက်ဆုံးခဲ့ပေါ့…

အမရာ

In: ကဗျာ Posted By: Date: May 16, 2010
Comment #1

ကောင်းတယ်။

commentinfo By: lunlin at Jun 4, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment