Professional Authors

“ကောင်းကင်ပျောက်တဲ့ကြယ်..”

တမ်းတမ်းတတပဲ…
လွမ်းတသသဒီရင်…
မင်းရယ်ချင်ရယ်…ငါကတော့..တရှိုက်မက်မက်…

ကြွေချင်ကြွေစေတော့..
မင်းချစ်တဲ့ကြယ်နဲ့ပဲထပ်တူကျချင်တော့တယ်…
ငါ့ဘဝ..”လ”..လောက်တောင်မသာနိုင်သူမို့..
နင်မေ့ချင်မေ့စေ..

နှလုံးသားအနီရောင်နဲ့..ငါ..
အဖြူရောင်သံစဉ်နဲ့နင်…
ဗလာအဖြူပေါ်မှာ…ကြက်ခြေခတ်အဖြစ်မဆုံပါရစေနဲ့..
မဆုံနိုင်တောင်မျဉ်းပြိုင်အဖြစ်…
တသက်လုံးနင့်အနားမှာရှိချင်တယ်….

ငါ့ဘဝငါ့ဆန္ဒ…(နင့်အတွက်).အမြဲတောက်ပချင်ခဲ့….
တကယ်တော့..(ငါ)…ကောင်းကင်ကကြယ်ပါပဲ..
ကြွေချိန်တလှည့်တော့…
နင်ပြုံးပြီးဆုတောင်းပေးပါ…
နင်ဟာငါ့ရဲ့ကောင်းကင်ဖြစ်စေချင်တယ်..

ဆောင်းကိုချစ်တဲ့နွေပါ…
မြူကိုတော့အလွမ်းအဖြစ်ပေးအပ်တယ်…
နှင်းအဖြစ်သုံးစေ…
ရင်ကိုတော့ပူလောင်ခွင့်ပြုပါ…
(အချစ်ဆိုတာကြောင့်…….)

ငါနင့်ကိုရင်နဲ့လွမ်းနေတယ်…
တရှိုက်မက်မက်ပဲ…
နင်၏ရင်ငါ့အချစ်ကိုသိပါစေ…..
(ငါ)…နင့်ကောင်းကင်မှာကြယ်ဖြစ်ချင်တယ်…(သက်တန့်ရောင်)

In: ကဗျာ Posted By: Date: Feb 15, 2012
Comment #1

ta shike met met pe nin ko chit mi twar par d,,
ta shike met met lwan kwint pyu par,,
han saung hle phyar hmu tway ma par de a phyu yaung tan yaw zin lay paing sine kwint pyu par naw.

commentinfo By: ei lay at Feb 15, 2012
Comment #2

စွဲစွဲလမ်းလမ်း…ဖတ်သွားပါတယ်..တရှိုက်မက်မက်ချစ်သူလေး…နဲ့ ..ဆုံစည်းပါစေ
အားပေးနေပါတယ်…အမြဲတမ်း

commentinfo By: အသဲကွဲမိုး at Feb 15, 2012
Comment #3

ငါ့ဘဝငါ့ဆန္ဒ…(နင့်အတွက်).အမြဲတောက်ပချင်ခဲ့….
တကယ်တော့..(ငါ)…ကောင်းကင်ကကြယ်ပါပဲ..
ကြွေချိန်တလှည့်တော့…
နင်ပြုံးပြီးဆုတောင်းပေးပါ…
နင်ဟာငါ့ရဲ့ကောင်းကင်ဖြစ်စေချင်တယ်..

commentinfo By: kantkawmg at Feb 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment