Professional Authors

မမသို့ 

မမ ..

ကျနော့်ကို မမကချာတိတ်လေးတဲ့ ။

မမရယ်လူကသာချာတိတ်ပါ

နှလုံးသားက ချာတိတ်မဟုတ်တော့

မမအရိပ်လေးဖြစ်ချင်တယ်။

မမ ..

ကျနော့်ကို မမက ကောင်းကင်ကကြယ်လေးတဲ့

မမရယ်ကျနော်က ကြယ်ပွင့်ဆို

မမက ဟိုးလွင့်နေတဲ့တိမ်တိုက်အထက်က

အရောင်တွေထွန်လင်းတဲ့ ကျနော့်ရဲ့ လမင်းလေးပေါ့။

မမ..

အချစ်က..အသက်အရွယ်ကို ကန့် သတ်ထားသလားဟင်။

ကျနော့်အသိချင်ဆုံးမေးခွန်းက

မမကျနော်ကို မုန်းသလားဟင်။

ကျနော်အကြားချင်ဆုံးစကားက..

မမကျနော့်ကို ချစ်ဦးမလားဟင်။

ချမ်းကျော်

In: ကဗျာ Posted By: Date: May 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment