Professional Authors

Comment

ဒီကိုတစ်ချို့လာတွေးတယ်
တစ်ချို့လာရေးတယ်

ဒီကိုတစ်ချို့လာဖောတယ်
တစ်ချို့လာရောတယ် !!

ဒီကိုတစ်ချို့လာပြိုင်တယ်
တစ်ချို့လာငိုင်တယ်

ဒီကိုတစ်ချို့လာဖွဲ့တယ်
တစ်ချို့လာရွဲ့တယ် !!

ဒီကိုတစ်ချို့လာပျော်တယ်
တစ်ချို့လာသရော်တယ်

ဒီကိုတစ်ချို့လာကျောတယ်
တစ်ချို့လာပေါတယ် !!

ဒီကိုတစ်ချို့လာငေါင်တယ်
တစ်ချို့လာကြောင်တယ်

တစ်ချို့ကလာလှောင်တယ်
တစ်ချို့ကျတော့လာပြောင်တယ် !!  ။

                                                 Ray

( ၂၀၁၂ ၁လပိုင်း ၁၉ ညနေ၆နာရီ ၄၅မိနစ်မှာ ရေးထားတဲ့ကဗျာလေးပါ comment တစ်ခုရေးရင်နဲ့ ဒီကဗျာလေးရေးဖို့အကြံရသွားလို့လက်တန်းချရေးထားတဲ့ကဗျာလေးပါ ကဗျာနဲ့တော့တူချင်မှတူမယ်ဗျာ ကျွန်တော်ကတော့ကဗျာအနေနဲ့ ခံစားရေးထားတယ်။)
  
  
                                            
                                                

In: ကဗျာ Posted By: Date: Feb 13, 2012
Comment #1

r pay twar par d,

commentinfo By: ei lay at Feb 13, 2012
Comment #2

မှန်လိုက်လေ

commentinfo By: kantkawmg at Feb 13, 2012
Comment #3

ကဗျာလေးကို အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် မအိလေး နဲ့ ကိုကံ့ကော်မောင်ရေ
ကဗျာလို့တော့မဆိုနိုင်ပါဘူး ဒါပေမယ့် အားပေးသွားကြလို့ အရမ်းပျော်တယ်ဗျ 🙂 ။

commentinfo By: X - ray at Feb 13, 2012
Comment #4

အစ်မကတော့ဝင်ဖတ်ရင်းရေးသားသူတွေထံမှသင်ယူပါတယ်.
ဒီဆိုဒ်မှာရေးတဲ့သူတိုင်းဟာအစ်မရဲ့ဆရာ/ ဆရာမတွေပါ………..

commentinfo By: May Kha at Feb 13, 2012
Comment #5

ဟုတ်တယ် ။။ ဟုတ်တယ် …
ဒီကိုတစ်ချို့လာတွေးတယ်
တစ်ချို့လာရေးတယ်
…………………….
……………………….
………………..
…………..
……….
……
ဖတ်လို့ကောင်းတာပဲ။ အားပေးသွားတယ်ဗျို့။

commentinfo By: gadounlay at Feb 13, 2012
Comment #6

ကောင်းတယ်ဗျ.. လုလင် အားပေးသွားတယ်နော်

commentinfo By: thetnaung at Feb 13, 2012
Comment #7

ကောင်းတယ်ဗျာ
RAY ရေးထားတာ ကဗျာပါ
ကောင်းတယ် အပြစ်ဆိုစရာမရှိပါဘူး(ကျွန်တော့်အတွက်ပါ)
ဖြစ်တည်မှုတစ်ခုကိုချပြထားတာလို့မြင်ပါတယ်
ပုဂ္ဂလအမြင်ပေါ့ တစ်သီးတစ်သန့်ကဗျာပါ 😀

commentinfo By: မောင်မြတ်သူ at Feb 13, 2012
Comment #8

ဒီကဗျာလေးကို ဒီလောက်များများအားပေးမယ်လို့ လုံးဝမထင်ထားဘူး အားကြီးပျော်တယ်ဗျာ
မမေခ ၊ ကိုကတုံးလေး ၊ ကိုလုလင်ငယ်သွေး ၊ ကိုမြတ်သူရအောင် တို့လေးဦးစလုံးကို ကျေးဇူးအထူးတင်ပါတယ် ကဗျာလေးကိုအားပေးတဲ့အတွက် ။ နောင်လည်း ကျွန်တော့ကဗျာတွေ လိုနေတာလေးတွေရှိရင် ထောက်ပြပေးကြပါ ။
With respect,
RAY

commentinfo By: X - ray at Feb 13, 2012
Comment #9

အားပေးသွားပါတယ်……

commentinfo By: moehtetaung18 at Feb 14, 2012
Comment #10

ကဗျာလေး ခံစားအားပေးသွားတဲ့ ကိုမိုးထက်အောင်ရေ ကျေးဇူးကမ္ဘာပါ နောင်လည်း ကျွန်တော့ကဗျာလေးတွေ လိုတာရှိရင်ဝေဖန်ပေးပါ ။
With respect,
RAY

commentinfo By: X - ray at Feb 14, 2012
Comment #11

ကိုx-ray..တစ်မျိုးလေးပဲဗျ

commentinfo By: poem.poem28 at Feb 14, 2012
Comment #12

ဟုတ်ကဲ့ ကဗျာလို့မဆိုနိုင်ပေမယ့် ကျွန်တော့အနေနဲ့ကဗျာလေးတစ်ပုဒ်လို ခံစားရေးထားတာပါ ဒါကို အားနာပါးနာ လာဖတ်ရှုအားပေးသွားလို့ ကျေးဇူးအများကြီးတင်တယ် ကိုgeniusရေ နောင်လည်း ကျွန်တော့ကဗျာလေးတွေကို စိတ်ထဲမှာရှိအတိုင်း ပွင့်ပွင့်လင်းလင်းဝေဖန်ပေးပါ ။
With respect,
RAY

commentinfo By: X - ray at Feb 14, 2012
Comment #13

တန်းကနဲ မြင်သွားနိုင်တဲ့ကဗျာလေးဗျာ။ ဖတ်ရတာတော်တော်အရသာရှိတယ်။
ကျနော်ကြိုက်တယ်ဗျ။ အားပေးပါတယ် 🙂

commentinfo By: saiaipee shanland at Feb 14, 2012
Comment #14

ကဗျာလေးကို နှစ်သက်တယ်ဆိုလို့ ကျွန်တော်ဝမ်းသာတယ် ကိုစိုင်းအိုက်ပီးရေ
အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ
နောက်များမှာလည်း ကျွန်တော့ကဗျာလေးတွေ ထောင့်မကျိုးတာများရှိရင် စိတ်ထဲရှိတဲ့အတိုင်းဝေဖန်ပေးပါ ။
With respect,
RAY

commentinfo By: X - ray at Feb 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment