Professional Authors

အချစ် (ဂျူး)

လိုက်ခဲ့မယ်နော်
မျက်လုံးပေါ်မှာ
နှုတ်ခမ်းပေါ်မှာ
အိပ်ပျော်မှာပါ

လွန်စွာလက်နက်
ခြေတစ်ဖက်ကျွံ့နဲ့
ရုံးထွက်ဖို့မဖြစ်နိုင်တော့ပါ..

လမ်း ၃၀
လွယ်အိတ်အဖြူ
ခုံထူဖိနပ်
အမှတ်(၁)ဘတ်စ်ကား
အားလုံးကိုကျေးဇူးတင်ပါတယ်။

ရွှေရှာတာမဟုတ်ဘူး
ငွေရှာတာမဟုတ်ဘူး
အချိုရှာတာပါကိုကိုရယ်
အချစ်ဆိုတာဒါလား
ဘီယာလိုပဲ ခါးတယ်နော်။ ။

ဂျူး

/*ဒီကဗျာလေးက ဆရာမဂျူး 1stMBတုန်းကရေးခဲ့တဲ့ကဗျာလေးပါ..၂၀၀၉ ဒီဇင်ဘာ စင်ကာပူမှာလုပ်ခဲ့တဲ့ စာပေဟောပြောပွဲမှာ ဆရာမဂျူးကိုယ်တိုင် ရွတ်ပြခဲ့တာပါ.. */

In: ကဗျာ,ဂျူး Posted By: Date: Jun 21, 2010
Comment #1

ဂျူးရဲ့ ကဗျာတွေ စာတွေ ဖတ်ရတဲ့အတွက် ကျေးဇူးပါ

commentinfo By: poht at Jun 23, 2010
Comment #2

အချစ်ဆိုတာ ဘီယာလိုပေါ့…………ရေရောသောက်လို့မရဘူး…………အဟိ

commentinfo By: lwantaycho at Jun 24, 2010
Comment #3

ဂျူး ရဲ့ စာတွေအားလုံး ကို ကြိုက်တယ်
အမြဲ ဖတ်လို့ မ၀ဘူး
အချစ်က ခါး မခါးတော့ မသိဘူး
ဘီယာ ကတော့မခါးပါဘူး

commentinfo By: ju ju at Jun 25, 2010
Comment #4

@ju ju ဟုတ်ကဲ့ ဆရာမ ကလည်း အဲလိုပဲ ဘီယာကမခါးဘူးလို့ ပြောသွားပါတယ်.. (:
စစချင်းပဲခါးပြီး နောက်အကျင့်ဖြစ်သွားတော့မခါးတော့ဘူးလို့ပြောပါတယ်..(: (:
အဲဒါ ဆရာမက အဲဒီကဗျာကိုပြင်ခွင့်ရှိရင်ဒီလို ပြင်ချင်ပါတယ်ဆိုပြီး အောက်ဆုံးအပိုဒ်ကို ဒီလိုရွတ်ပြသွားပါတယ်

ရွှေရှာတာမဟုတ်ဘူး
ငွေရှာတာမဟုတ်ဘူး
အချိုရှာတာပါကိုကိုရယ်
အချစ်ဆိုတာဒါလား
ဘီယာလိုပဲ
ခါးချင်တဲ့ချိန်မှာခါးပြီး
မခါးချင်တဲ့ချိန်မှာမခါးပါဘူး ..

(:

commentinfo By: ဖြိုးဖြိုး at Jun 25, 2010
Comment #5

nice

commentinfo By: sharnu at Jul 2, 2010
Comment #6

အိပ်ချင်တဲ့အချိန်မှာလိုက်ခဲ့လို့ရပါတရ်………မျက်ခွံအရမ်းလေးတော့ လေ………အဟီး

commentinfo By: ayeayethi at Aug 3, 2010
Comment #7

ဆရာမ ရဲ့ ကဗျာလေးအတွက်ကျေးဇူးပါ…ဖြိုးဖြိုး

commentinfo By: phyowai at Dec 16, 2010
Comment #8

ဘီယာက တခါတလေချိုပါတယ်တဲ့…

commentinfo By: လွမ်းနောင် at Feb 19, 2011
Comment #9

ဒုတိယအပိုဒ်မှာ ” လွန်စွာလက်နက်” မဟုတ်ပဲ
” နွံလွှာ နက်နက်
ခြေတစ်ဖက်ကျွံနစ်
ရုန်းထွက်ဖို့မဖြစ်နိုင်တော့ဘူး” လို့ကြားမိသလိုပဲ…….

commentinfo By: နှိုင်းခ at Feb 19, 2011
Comment #10

အရမ်း ကြိုက်တယ်…ကဗျာလေးတင်ပေးတဲ့ အတွက် ကျေးဇူးပါ

commentinfo By: Thet Kalayar at Sep 20, 2011
Comment #11

ကျေးဇူးတင်ပါတယ်ဖတ်ရလို့ နော်

commentinfo By: yarkuk at Jul 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment