Professional Authors

မုန်တိုင်းအလွန်

ကြိုဆိုခြင်းမဲ့တဲ့ မုန်တိုင်း
ဘ၀ထဲကို
ခပ်ရိုင်းရိုင်း ပြေးဝင်လာတယ်
နေရောင်ကွယ်တဲ့ ကာလပေါ့…

နုငယ်တဲ့နှလုံးသား
ချက်ချင်းပဲ
ပြားပြားဝပ်ကျသွားတယ်
အဖတ်ဆယ်လို့တောင်မရဘူး…

တိုးရှတဲ့ငိုညီးသံ
နေ့တိုင်းလို
ပဲ့တင်ပြန်ထပ်နေတယ်
အပြုံးရယ်မဲ့မျက်နှာပေါ်မှာ…

ကျေမွသွားတဲ့မျှော်လင့်ချက်
ရှေ့ဆက်ဖို့
ပင့်သက်တောင်မရှူနိုင်ဘူး
ရင်ထဲက ဆူးကြောင့်…

( ၂၀၀၄ ခုနှစ် က ရေးထားတဲ့ကဗျာပါ)

In: ကဗျာ Posted By: Date: Jul 25, 2009

Leave Comments

Name*

Email*
Website
Email me whenever there is new comment