Professional Authors

ကောင်းကင်သူကောင်းကင်သားတို့ရဲ့ပွဲတော် (၀ိုင်ချို)

ယိုင်ယိုင်ရွဲရွဲ့ ခိုင်မာ၊

ပေါက်ပေါက်ပြဲပြဲ လုံခြုံ၊

စုတ်စုတ်ပြတ်ပြတ် ခမ်းနား၊

အဖေက ခေါင်တိုင်

အမေက လက်ခံတိုင်

မောင်နှမတွေက ထုတ်တန်း

မိုးကြိုးကိုထန်းလက်နဲ့ ကာနိုင်ခဲ့ကြ ..။

ခုလို .. ဖူးငုံရာက သီးပွင့်လာတဲ့နေ့တွေမှာ ကွယ်လွန်သွားတဲ့အိမ်ကလေး ..။

ထုတ်တမ်းပေါ်ပြေးနေမယ့်ကြွက်ကလေးတွေ

ထရံပေါက်ကဖောက်ထွက်နေမယ့် မီးရောင်တွေ

ဘူးသီးငါးပေါင်းကြော်လို .. ဆောင်းကိုရယ်ပွဲဖွဲ့အင်အားတွေနဲ့ ဟောင်းမြေ့ပြီးချစ်စရာကောင်းတဲ့အိမ်လေးကို

ခုအခါ ..

ကျွန်တော်တို့ဆာလောင်တတ်လာတယ်။

Y.Cho

——————–

မနော်ဟရီရဲ့ကောင်းကင်သူကောင်းကင်သားတို့ရဲ့ပွဲတော်စာအုပ်ထဲကကဗျာလေးပါ။ ဒီကဗျာလေးကိုအရမ်းကြိုက်ပါတယ်။ အိမ်နဲ့ခွဲပြီးနေရတဲ့သူတွေအဖို့ဒီလိုကဗျာလေးတွေဖတ်ရတဲ့အခါအရမ်းကိုခံစားရပါတယ်။

Comment #1

ငါ ဟာ အိမ် ကို လွမ်း နေ သူ ..း((

commentinfo By: မှုံရွှေရည် at Jul 22, 2011
Comment #2

အိမ်နဲ့မဝေးပဲဖတ်ရင်ကို တကယ်ကောင်းပါတယ်

commentinfo By: n$n at May 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment