Professional Authors

နင်နဲ့ဖျားနာခြင်း

နင်နဲ့ဖျားနာခြင်း

စကားကပုံမှန်အတိုင်းပြောလို့မရသေးဘူး
ပင်ပန်းနေဆဲပဲ…
များများစဉ်းစားဖြစ်လေလေ နည်းနည်းပဲရေးဖြစ်လေလေ
ဆက်စပ်မှု့ကလူသေတစ်ယောက်လို့ပဲညွှန်းတယ်…
စိတ်ကိုမထိန်းချုပ်နိုင်/ချင်/တတ်/မှု့တစ်ခုနဲ့
အ၀ါရောင်တွေကိုကိုင်တွယ်မိခြင်း…
စိတ်ကျေနပ်စွာနဲ့ငိုလိုက်ရင်ခေါင်းကိုက်ပျောက်သွားပါလိမ့်မယ်
ဒီကဗျာကို တစ်ခုခုကိုမေ့/ထားဖြစ်ခဲ့ဖို့အတွက်နဲ့ရေးမိလိုက်တယ်…။…။

မြေနံ့
၂၈.၅.၂၀၁၂

In: ကဗျာ Posted By: Date: Jun 2, 2012
Comment #1

🙁

commentinfo By: ei lay at Jun 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment