Professional Authors

၁၈ခါမြောက်

          ၁၈ခါမြောက်

စိတ်ဝင်စားဖို့ကောင်းလွန်းနေခဲ့ပါတယ်
ဘာမှတကယ့်ကိုနားမလည်လို့…..

သန့်စင်လွန်းတာတွေကိုငြင်းပယ်တယ်
ပျော်ဝင်ချင်တာမီးခိုးကတ္တရာတွေပဲ…..

အလေအလွင့်မျောနေတဲ့သူကသေသွားပြီ
ငါကိုယ်တိုင်လောင်ကျွမ်းစေခဲ့တာ…..

ဘာလို့ဘာမှမပြောနိုင်တာလဲ အဲ့ဒီလိုပဲလား
အန်လိုက်မယ် အရေခွံကိုချွတ်လိုက်ပါ…..

မကြည့်နဲ့ မဆိုင်ဘူး အလကားပဲ
အဲ့ဒါကပျော်စေရင် အဲ့ဒီလိုသာနေလေ…..

ကြားခံအရာအဖြစ်နဲ့ပဲလား စကျင်ကျောက်သားဖြူ
ခြားထားတဲ့စည်းကို ဘယ်တော့မှမကျော်ဘူးပေါ့…..

ဟုတ်လိမ့်မယ် အရာရာက ကျမ်းကိုးအတိုင်းဆိုတာလေ
စကားလုံးမဲ့နေတဲ့ ပုံစံပျက်တိရိစ္ဆာန်…..

မနက်ဖြန်တိုင်းကို ဆုတ်ဖြဲလိုက်မယ်
နင့်ဆီရောက်မယ့်နေ့မတိုင်ခင်အထိ…..

လုံးဝစိတ်ဝင်စားစရာမကောင်းပါဘူး
ဘာမှတကယ့်ကိုနားမလည်လို့…

မြေနံ့
၁၄.၈.၂၀၁၁
[email protected]
www.sofarawayfromyou88.blogspot.com

In: ကဗျာ Posted By: Date: Feb 1, 2012
Comment #1

hote pay e,,
hman pay e,,

commentinfo By: ei lay at Feb 1, 2012
Comment #2

ကြားခံအရာအဖြစ်နဲ့ပဲလား စကျင်ကျောက်သားဖြူ
ခြားထားတဲ့စည်းကို ဘယ်တော့မှမကျော်ဘူးပေါ့…..

ဟုတ်လိမ့်မယ် အရာရာက ကျမ်းကိုးအတိုင်းဆိုတာလေ
စကားလုံးမဲ့နေတဲ့ ပုံစံပျက်တိရိစ္ဆာန်…..

မနက်ဖြန်တိုင်းကို ဆုတ်ဖြဲလိုက်မယ်
နင့်ဆီရောက်မယ့်နေ့မတိုင်ခင်အထိ…..

လုံးဝစိတ်ဝင်စားစရာမကောင်းပါဘူး
ဘာမှတကယ့်ကိုနားမလည်လို့…

commentinfo By: zawthetoo at Feb 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment