Professional Authors

လမ်းလျှောက်ထွက်ခြင်း (အိမ့်မှူးဧက)

ဖြစ်သလိုမျိုးပဲ
ဆည်းဆာတွေထုပ်ပိုး
အိပ်မက်အသိုးတွေ
ရောင်းချဖို့ 
မြို့တစ်ပတ်ခရီးထွက်လာတယ်
အစိမ်းရောင်ကကြိုးမို့ 
ဘယ်လိုသံစဉ်မျိုးမှ
ထင်သလောက်ထိုးထွက်မလာခဲ့ဘူး။

ငါးနောက်ရေပြန်လိုက်တဲ့ခေတ်
ဌာန်ကရိုဏ်းကျကျမှ
စီးမချနိုင်ရင်ပဲ
ရေမပီသသလိုလို
ဆပ်ကပ်ထဲကကျားမို့ 
အမဲလိုက်နည်းတွေ
မှားလည်းမှားပါစေတော့။

မှန်ကြည့်မိတိုင်းလည်း
ဈေးဗန်းထဲကလို
လတ်ဆတ်မှု့မျိုးပဲမြင်ရတယ်
ငါဟာ……………
သော့ခတ်ထားတဲ့
ကြောင်အိမ်ထဲက
စပျစ်သီးတစ်ပင်
မစားချင်သူတွေ
ချဉ်ကြလိမ့်မယ်။

                                   အိမ့်မှူးဧက
                         [email protected]

In: ကဗျာ Posted By: Date: Oct 3, 2011
Comment #1

အားပေးသွားတယ် ကိုတယ်ရီရေ…..။

commentinfo By: ဇော်သက်ဦး(Ayatekalay) at Oct 3, 2011
Comment #2

အစိမ်းရောင်ကကြိုးမို့ 
ဘယ်လိုသံစဉ်မျိုးမှ
ထင်သလောက်ထိုးထွက်မလာခဲ့ဘူး။

commentinfo By: ရနံ့ at Oct 3, 2011
Comment #3

လု လင် အားပေးသွားပါတယ် ခင်ဗျာ

Comment #4

ကိုတယ်ရီ ရေ . . မိုက်တယ် ဗျ . . . အားပေးနေပါတယ် . . ဆက်လက် ချီတက်ကြတာပေါ့ 🙂

commentinfo By: လမင်းဇော် at Oct 4, 2011
Comment #5

လူတော်ကြီး..ကလောင်နံမည်ပြောင်းလိုက်တာလား….
ကဗျာလေးကောင်းတယ်ဗျ..ကျွန်တော်မျိုး ဒေါ်မိုး ဘဘကြီး ကို အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Oct 5, 2011
Comment #6

ကောင်းပါတယ် ကဗျာ လေး ကတော်တော်လေး ကောင်းပါတယ် နာမည် ကိုပြောင်းလိုက်တာလား ဟင်

commentinfo By: wxad at Oct 8, 2011
Comment #7

သော့ခတ်ထားတဲ့
ကြောင်အိမ်ထဲက
စပျစ်သီးတစ်ပင်
မစားချင်သူတွေ
ချဉ်ကြလိမ့်မယ်။

commentinfo By: နတ်သမီး at Oct 12, 2011
Comment #8

အားပေးသွားတဲ့သူတစ်ဦးချင်းစီကိုကျေးဇူးတင်ပါတယ်…..ဗျာ
ဒေါ်ကြီးမိုးနဲ့ wx@d ရေ….ဟုတ်ပါတယ်….အဲ့ဒါက ကလောင်နာမည်ပါ.. 🙂

commentinfo By: terry at Oct 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment