Professional Authors

ဂြိုလ်ရံလ – ၂

 

တဦးတယောက် အတွက်
နှစ်ဦးနှစ်ယောက်ရဲ့ 

့အသည်းနှလုံးရင်းထားရတဲ့ ကိစ္စ တဲ့
ကံကြမ္မာရယ် မြင်မကောင်းရင်
ကားလိတ် ချ တခန်းရပ်ပေးပါ

 

အဦးအနှောင်းဖြစ်ခွင့်

ဆုမတောင်းခဲ့ရိုးအမှန်မို့ 

ဒီဇာတ်လမ်းရဲ့ 

အရူးအနှမ်းတကောင်အတွက်
ဒဏ်ရာသက်သက် လမ်းတွေ
လုံးပါး ပါး ပါစေတော့လားကွယ်

 

မအိပ်ပဲ မက်တဲ့

အိပ်မက်တွေရှည်တယ်

တောင်းတိုင်းမပြည့်တဲ့

ဆုတောင်းတွေ များတယ်

ဒီလိုဘဝ ဒီလိုညမှာ
ဖေးကူသူရှား မေတ္တာတရား
စာသားနဲ့ တောင်ဝေးခဲ့ တဲ့ကောင်
မှောင်ပေးနေယုံသက်သက်
လူဖြစ်လာခဲ့တယ်

 

တရားတယ် မတရားဘူး မရှိတဲ့

ပေတလှည့်တူတလှည့်ဒေသထဲ
ချာချာလည် ရူးနေတဲ့ ချစ်ခြင်းရဲ့ ဝိသေသ
ဒီကောင်ကြီးရင်ဘတ်မှာ
အထူးတလည် ပွင့်ဖူးခဲ့တာမို့ 

ရည်စူးသခင်
နင်းဖြတ်လျှောက်မယ့်လမ်း
ဆူးရှင်းနေစေတော့ကွယ်

 

အပိုတွေပါ
လိုနေတာမရှိတော့လောက်အောင်
ပိုနေတဲ့ကမ္ဘာ

အဲဒီကမ္ဘာရဲ့ 

့အထီးကျန်ဆန်မှုတွေကတော့
လူသူမမြင်လိုက်တဲ့
ခပ်ကြောင်ကြောင်အထ္ထုပတ္တိ တခု
တိုင်တည်စရာလည်း ကင်းခဲ့တယ်

 

ပျော်စေ မော်စေ
ကြည်နူးနိုင်ကြစေရဲ့ 
တကူးတက
ဖွင့်လှစ်မပြခဲ့တဲ့ ဆုတောင်းတွေ လည်း
နောက်ဆုံး အဖြစ်   ပြည့်ဝ –
သခင်တို့ 

့နှစ်ဦးသွားရာလမ်းမှာ

အကျွန့့်ပုံရိပ်မှန်သမျှ

ကင်းကွာလို့ 
အမြဲထွန်းလင်းတောက်ပနေပါတော့

 

နှစ်ဦးနှစ်ယောက်အတွက်
တစ်ဦးတယောက်
ရင်

ကွဲကြေ ကျန်ခဲ့တယ်

 

ပိုင်ရှင်ရှိ အိပ်မက်ကို တပ်မက် မိသော
လူမိုက်တိုရဲ့ 

့သွားရာလမ်းမှာ

ကျွန်တော်

တည်ရှိ ခဲ့ဖူးတယ်ဆိုယုံ   အမှတ်ရလို့ 
အနာဂတ်လမ်းတွေ
ဖြောင့်ဖြူး စွာ ခင်း လျှောက်ကြပါ

 

နောက်နောင်ဆိုတဲ့ဘဝဆက်တိုင်းမှာ
ဘေးချန်လို့ 

့မှေးမှိန်
ပျောက်ကွယ်ခဲ့တယ်

 

 

ရင်နင့်အောင်ကြေကွဲရခြင်း

တပွေ့ တပိုက်နဲ့  သံသရာကို
အလွမ်းထမ်း ပတ်ရင်း

နှစ်ယောက်အတူဆိုတဲ့
အပိုင်းအစတချို့ ကို
အိပ်မက်ရိုင်းသဖွယ် ပိုင်းခြားလို့ 
နှလုံးသားထဲ

ထာဝရတေးမှတ်ထားခဲ့တယ်

 

သည် အဖြစ်မျိုးအတွက်

နောက်တကြိမ်ဆိုတဲ့စကား

ဘယ် ဘဝမျိုးမှာမှ

ထပ် မ ရှိ စေ ချင် တော့

 

In: ကဗျာ Posted By: Date: Nov 8, 2012
Comment #1

အားပေးသွားပါတယ်

commentinfo By: asdfjkl; at Nov 8, 2012
Comment #2

မိုးရေ..ရေးချက်တွေကအမြဲကောင်းနေတော့တာပဲ……….

commentinfo By: May Kha at Nov 8, 2012
Comment #3

ပိုင်ရှင်ရှိ အိပ်မက်ကို တပ်မက် မိသော
လူမိုက်တိုရဲ့ 

့သွားရာလမ်းမှာ

ကျွန်တော်

တည်ရှိ ခဲ့ဖူးတယ်ဆိုယုံ

commentinfo By: thidangenge at Nov 24, 2012
Comment #4

အားပေးသွားတဲ့ ကျွန်တော့်အားဆေးလေးများ အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ

MERRY CHRISTMAS

commentinfo By: အသဲကွဲ မိုး at Dec 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment