Professional Authors

ကျောက်ရုပ် ချစ်သူ

အချစ်ဟာ
ကန်ရေထဲက “လ” ဖြစ်တယ်။

ငြိမ်ငြိမ်လေးနေလိုက်
ဆတ်ကနဲ လှမ်းဆယ်လိုက်ရင် ပျောက်သွားမယ်။

မြတ်နိုးတယ်ဆိုတာ
ငြိမ်ငြိမ်လေး နေတာပဲ မဟုတ်လား။

လေပြေနမ်းလို့
ကြွေကျသွားတဲ့ ပန်းလေးတွေ
ကမ္ဘာမှာ ဘယ်လောက် များခဲ့ပြီလဲ။

ပျံပြေးတတ်တဲ့ ငှက်ကလေးအတွက်
ကိုယ်ဟာ
အသက်ကိုတောင် ခိုးရှူရတဲ့ ငှက်ချစ်သူဖြစ်တယ်။

ကိုယ့်အချစ်က
အဲသလိုမျိုး ကျောက်ရုပ်။     ။

In: ကဗျာ Posted By: Date: Nov 8, 2012
Comment #1

ချစ်စရာဘယ်လောက်ကောင်းလိုက်တဲ့ကဗျာလေးလဲ…………..:D

commentinfo By: May Kha at Nov 8, 2012
Comment #2

မြတ်နိုးတယ်ဆိုတာ
ငြိမ်ငြိမ်လေး နေတာပဲ မဟုတ်လား။
(လွယ်တော့ မလွယ်ဘူးနော်)

commentinfo By: mayviolet at Nov 8, 2012
Comment #3

ပျံပြေးတတ်တဲ့ ငှက်ကလေးအတွက်
ကိုယ်ဟာ
အသက်ကိုတောင် ခိုးရှူရတဲ့ ငှက်ချစ်သူဖြစ်တယ်။

ပြင်းပြင်းရှုပါ ပျံပါစေတော့နော်

commentinfo By: မေပျို at Nov 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment