Professional Authors

ဆန္ဒမပါတဲ့ ဧည့်ခံပွဲတစ်ခုမှ အပြန်

ကြယ်ကြွေညတစ်ခုရဲ့ အစဦးဆုံးအပိုဒ်
နားလည်မှုလွဲတဲ့ စရိုက်တွေနဲ့ အစာသွတ်ထားတယ်၊
ရေးညွှန်းဖွဲ့သီခြင်း မဟုတ်တဲ့စကားလုံးတွေ
မကြားချင်ပေမယ့် နားဆင်ပေးလိုက်ပါသေးတယ်။။။

ဆိုလိုရင်းတွေ ကျပျောက်ကုန်တာနဲ့ပဲ
အလင်းမရှိတဲ့ ဝင်ရိုးစွန်းကို ရောက်ရတယ်၊
တကယ်တော့ မေတ္တာတရားဆိုတာ
ဆန္ဒမပါတဲ့ ဒဏ်ရာအတွက်
ကိုယ့်အတ္တ ကိုယ်တူးရုံလောက်ပဲ နက်ခဲ့တာပါ..။။။

တံခါးခေါက်တိုင်း ထွက်မကြည့်ခဲ့ပါဘူး
ရင်ဘတ်အရူးမို့ အထူးတလည် မိတ်ဆက်
ကျွန်တော့်မျက်လုံးတွေ စကားမပြောတတ်ဘူး။။။

နေ့ကောင်းရက်သားရွေးပြီး တောင်းပန်ချင်တာပါ
(ဒါပေမယ့်)
ဟော့ဒီ့ကောင်ရဲ့ ကောင်းကင်မှာ မိုးညိုနေတာကများတယ်..၊
ဈေးပေါလွန်းတဲ့ အတွေးအဟောင်းတွေနဲ့ ကျောခင်း
(ကျွန်တော်ဆိုတဲ့ကောင်)
မျဉ်းပြိုင်နှစ်ကြောင်းကြားက ဆုံမှတ်ကို မရမကရှာခဲ့ဖူးတယ်။။။

အမှန်တရားဆိုတဲ့ နတ်သမီးတစ်ပါး
အားငယ်သူအတွက်ဆို ဘယ်တော့မှပေါ်မလာပါဘူး..၊
သံယောဇဉ်သင်္ဘောမှောက်တဲ့ မြစ်ပြင်ကျယ်ဟာ
(တကယ်တော့)
ကျွန်တော်တို့ မမြင်နိုင်လောက်အောင်သေးတယ်..။။။

ဒွိနဲ့ ဟနဲ့ တစ်ဖက်စီဆွဲ
ဟောဒီ့ အသဲကွဲလူကြမ်း ခရီးဆုံးပြီ…။။။    ။။။   ။။။
                                                         ဇော်သက်ဦး

In: ကဗျာ Posted By: Date: Feb 1, 2012
Comment #1

သြော်……
ခံစားအားပေးသွားပါတယ်ဗျာ

commentinfo By: poem.poem28 at Feb 1, 2012
Comment #2

mike de kwar,,

commentinfo By: ei lay at Feb 1, 2012
Comment #3

ခံစားအားပေးသွားပါတယ်ဗျာ
ခံစားအားပေးသွားပါတယ်ဗျာ
ခံစားအားပေးသွားပါတယ်ဗျာ

commentinfo By: ရွှေကြယ်မိုး at Feb 1, 2012
Comment #4

ကောင်းလိုက်တာ ဗျာ ….

commentinfo By: Poizon at Feb 1, 2012
Comment #5

အားပေးမှုအတွက် ဝမ်းမြောက်မိပါတယ် သူငယ်ချင်းအပေါင်းတို့….။

commentinfo By: zawthetoo at Feb 2, 2012
Comment #6

သံယောဇဉ်သင်္ဘောမှောက်တဲ့ မြစ်ပြင်ကျယ်ဟာ
(တကယ်တော့)
ကျွန်တော်တို့ မမြင်နိုင်လောက်အောင်သေးတယ်..။။။

ခံစားဖူးရင် အကြီးကြီးမှန်း ရင်ဘတ်တိုင်းက သဘောတူကျမှာပါ။
ကျွန်တော် သဘောတူပါတယ်။

commentinfo By: Mickey at Feb 2, 2012
Comment #7

ကျေးဇူးပါဗျာ…..။

commentinfo By: zawthetoo at Feb 3, 2012
Comment #8

တကယ်တော့ မေတ္တာတရားဆိုတာ
ဆန္ဒမပါတဲ့ ဒဏ်ရာအတွက်
ကိုယ့်အတ္တ ကိုယ်တူးရုံလောက်ပဲ နက်ခဲ့တာပါ..။။။

commentinfo By: May Kha at Feb 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment