Professional Authors

မရည်ရွယ်ဘဲ ငါ့ဆီရောက်လာတဲ့အရေးတွေ ငါတွေးတယ်

မြင်နေရတဲ့မျက်နှာတွေဆီက မမြင်ရတဲ့စကားတွေ ကြားရတယ်
လောကဓံကို ရရာစကားလုံးတွေ ဆွဲကိုင်တော်လှန်ဖို့
မကြားရတာကြာပြီဖြစ်တဲ့ မျက်နှာလေးကို မြင်ချင်တယ်
နားလည်သလောက် ခံစားပြီး ခံစားသလောက် မျက်ရည်ကျနေရတာ များတယ်
ခေတ်တစ်ခုလုံး ဆုပ်ခြေညှစ်ချမိတဲ့အဓိပ္ပာယ်တွေ သဲထဲရေသွန်
ရှေ့ဆက်ဘာဖြစ်မယ်မသိတော့
ဘာမှမသိသလိုလို နေတာကမှ ၀ိနည်းလွတ်သလိုလို
လူဆိုးတွေကလဲ စတာနဲ့ ဆွဲမယ်ရမ်းမယ်ကြမ်းမယ်ချည်းပဲ
ဘယ်အချိန်ကြည့်ကြည့် စနက်တံဖြုတ်ပြီးသားပဲ
ဒီနေရာကနေ ရှေ့ဆက်/လှည့်ပြန်သွားရင် ဘယ်ရောက်မလဲ
ငိုမိမှာစိုးလို့ အံကြိတ်ရယ်မောနေရခြင်းတွေ
ရှေ့ရေးစဉ်းစားမိတာက နောက်ကြောင်းမအေးဘူး

                                                                   ကိုသျှား

In: ကဗျာ Posted By: Date: Dec 1, 2011
Comment #1

လူဆိုးတွေကလဲ စတာနဲ့ ဆွဲမယ်ရမ်းမယ်ကြမ်းမယ်ချည်းပဲ
ဘယ်အချိန်ကြည့်ကြည့် စနက်တံဖြုတ်ပြီးသားပဲ
ဒီနေရာကနေ ရှေ့ဆက်/လှည့်ပြန်သွားရင် ဘယ်ရောက်မလဲ
ငိုမိမှာစိုးလို့ အံကြိတ်ရယ်မောနေရခြင်းတွေ
ရှေ့ရေးစဉ်းစားမိတာက နောက်ကြောင်းမအေးဘူး

Comment #2

အင်းးး မရည်ရွယ်ဘဲမျက်စိရှေ့ရောက်လာတဲ့ အရေးတွေကို ဖတ်မိသွားတယ် …
တခါတခါ သိခြင်းတရားကပဲ မသိခြင်းးတရားလိုလို …

commentinfo By: နတ်သမီး at Dec 2, 2011
Comment #3

really really nice,

commentinfo By: ei lay at Dec 2, 2011
Comment #4

သဘောကျမိပါတယ်…အားပေးနေပါတယ်

commentinfo By: အသဲကွဲမိုး at Dec 2, 2011
Comment #5

ပေါ်လွင်အောင်သုံးနှုံးနိုင်တဲ့ …
နမိတ်ပုံတွေ..အရမ်းမိုက်တယ်။

commentinfo By: terry at Dec 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment