Professional Authors

ကြိုမမြင်နိုင်ခဲ့တဲ့ သုညနောက်ကအက္ခရာများ

လမ်းတဝက်က ဖြတ်တဲ့အစဆိုနိုင်ပါရဲ့
ဆုံနိုင်ခွင့်ဆိုတာကုန်ခဲ့ရင်
ဝေးကြရစမြဲတဲ့
ဒုက္ခမဆိုသာ တဲ့ အဆွေးရေစီးကြောင်းမှာ
ကျွန်တော်…
သက်သာရာ သက်သာကြောင်းမရှာဘူး…။

အဆုံးရှိတယ်ဆိုပေမယ့်
အဆုံးမသတ်ချင်သေးတာက ဆန္ဒ
အဝေး……………………………….
အဝေးဆုံး…………………………..
အဲ့ဒီအဝေးဆုံးတွေကြားက
ရုန်းမထွက်နိုင်ခဲ့သူ၊
ဒီတိုက်ပွဲက သရေမ၇ှိဘူးဆိုရင်
ငါပဲရှုံးထွက်ပေးခဲ့မယ်
နင့်ခြေဖဝါးနဲ့ ထပ်တူကျတဲ့ ဘဝမို့
အချိုအခါး ထည့်မစဉ်းစားဝံ့ဘူး..၊
အသုံးတော်ခံ အယူခံဝင်ဖို့
နေပူမှာကိုလည်း မကြောက်နိုင်ခဲ့သူ။

သဘာဝကျကျ မချိုမခါး ပြုံးပြ
အဲ့ဒီ ဝါကျက
ငါ့အသည်းကို ဓားနဲ့ခွဲခဲ့တာ..၊
မလွမ်းကျေးဆိုတဲ့ အလောင်းအစားမှာလဲ
ဟောဒီရင်ဘတ်က အလျော် များခဲ့ရတာ
ဒီဇာတ်လမ်းမှာ ကျွန်တော်က
တစ်ခန်းရပ်ပဲ ပါခွင့်ရခဲ့တဲ့သူ
ကြေကွဲခြင်က မီးလိုပူပေမယ့်
(ကျွန်တော်ဆိုတဲ့ကောင်…)
နာကြည်းဖို့လည်း မေ့နေခဲ့သူပါဗျာ…..။

 

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Aug 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment