Professional Authors

အမည်မရှိ…

ငါက ခံစားချက်ပျောက်နေတဲ့  လူ
ခွင့်လွတ်ခြင်း အပြုံးတွေနဲ့ ရက်တွေဆက်
နေ့ နဲ့ ည တွေ    ခွဲခြား
ဒဏ်ရာတွေ…ရေတွက်နေရုံနဲ့   ပျော်မွေ့ နေခဲ့ ..။
 
ပျံသန်းသွားတဲ့ …ငှက်တချို့ 
လိုက်မဖမ်းချင်တော့ တဲ့ ….သံယောဇဉ် လေ
ရင်ဘက်က  အပြုံးတွေထဲ …
အတောင်ပံ ခတ်သံတွေ ကြားရတိုင်း
သွေးတွေ တစက်စက်..စီးဆင်းတယ်..။

ဆွံအ နေလျက်   အသံ ထွက်အောင်
ငါ …. ငိုမနေချင်ဘူး..
ဝမ်းနည်းတဲ့ အခါ   လ ရောင်ကို အဖော်ပြု
ပလက်ဖောင်းပေါ် ထွက်လိုက်ရုံ
ခင်မင်သူတွေနဲ့  ဖွင့် ဟလိုက်ရုံ
အရက် တခွက်နဲ့  အန်ထုတ်လိုက်ရုံလေ…။

ဘာမှ ဆက်မတောင်းဆိုရုံ အပြင်..
သက်ရှိ  လက်ရှိ  ခပ်အက်အက် နှလုံးသား..
ရေငွေ့ တွေ   လက်နဲ့ ခါချ
ပဲ့မထွက်ရုံ  အသာလေး ထိန်းသိမ်း
လွယ်နေကြ ကျောပိုးအိတ်  အပြာလေးထဲ…
ထည့် ထားရုံလောက်…

လွယ်မယ်ထင်ခဲ့ တယ်…..။

In: ကဗျာ Posted By: Date: Feb 1, 2012
Comment #1

စာသားတွေ…ကြိုက်တယ်ဗျ
ကဗျာကောင်းလေးတစ်ပုဒ်ပါပဲဗျာအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Feb 1, 2012
Comment #2

nice poem

commentinfo By: ei lay at Feb 1, 2012
Comment #3

thank alot for comment

commentinfo By: newun at Feb 2, 2012
Comment #4

Time will pass anyway.

commentinfo By: LNK at Feb 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment