Professional Authors

တစ်ယောက်သောသူကိုရည်ညွှန်းချက်

မဆုံနိုင်ခင်ဝေး
မဆိုင်ခင်မှာဆွေးဆွေးတမြေ့နဲ့
ပိုင်သူရယ် ကိုယ်မဖြစ်ပေမဲ့
တမ်းတသူ သည်းခြေပျက်လည်း
ရက်စက်သူ မင်းမဟုတ်ပါဘူး…

အမှတ်တမဲ့ မဟုတ်ခဲ့ပါဘူး
တိတ်တခိုး စွဲလမ်းသူရယ်မို့
ကျိန်စာသင့် လွမ်းရက်တွေကြားမှာ
ရင်ခုံသံ အေးစက်စက်နဲ့
တချက်ချက်လည်း ရှိုက်မိခဲ့တယ် …

နာကျင်မှု့တွေတိုက်စား
အမုန်းများကဝေဝါး
အရှုံးသမားဆိုတာ
ကံတရားရဲ့ အစေခံရယ်မို့
နာခံဖို့ပဲ ဆိုရမလား…

တကယ်ပါ
ဝေဒနာကို မကြေငြာချင်ဘူး
လွမ်းတွေနဲ့ မိတ်မဖွဲ့ချင်ဘူး
အမုန်းတွေကို စစ်ခင်းရင်း
အချစ်ရူး တစ်ယောက်တော့
အဖြစ်မခံချင်ဘူး
အသည်းကွဲလဲ ကွဲပါစေတော့
ပြုံးလျှက်နဲ့ မင်းအရှေ့မှာ အမြဲရပ်တည်မယ့်

In: ကဗျာ Posted By: Date: Jun 8, 2012
Comment #1

wow,,
r ga pe kwar,, 🙂

kou chit nay dar ko win ma khan ye dar ne,,a chit u loh a pyaw khan ya hmar kyauk dar ne,,1 yout hte a te kwe khan me de..
ha,,ha,, 🙂

commentinfo By: ei lay at Jun 8, 2012
Comment #2

my motto is “no reason for pur love”

commentinfo By: ei lay at Jun 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment