Professional Authors

့ပြန်ဆုံမယ့်နေ့

ခရမ်းရောင် ကောင်းကင်အောက်မှာ
ပန်းရောင် ဂါဝန်လေးနှင့်
ဆည်းဆာကို အဖော်ပြုရင်း
ငါ စောင့်မယ် …။
တွေ့ဆုံနေကျ
စိမ်းလန်းတဲ့ စိတ်ရှိရာ
အလွမ်းမြက်ခင်းပြင်ပေါ်မှာ
အ၀ါရောင် တိမ်တိုက်တွေကို
ဖြန့်ခင်းရင်း …
ငါ စောင့်မယ် ….. ။
မနက်ဖြန်
သဘက်ခါ ..
တစ်ရက်ရက်မှာ
ဆက် ဆက် သာ လာ
ဘယ်သူမှ ဖြတ်သွားဖြတ်လာမရှိတော့တဲ့
အနက်ရောင် အမှောင်ချိန်တွေထိ
ကြယ်တွေကို အဖော်ပြုရင်း
ငါ စောင့်နေမယ် …. ။

မေပျို (YIOE)

In: ကဗျာ Posted By: Date: Mar 2, 2013
Comment #1

အားပေးသွားပါတယ် အစ်မ

တစ်ပုဒ်လုံးကိုနှစ်သက်ပါတယ် …။

commentinfo By: loafer at Mar 2, 2013
Comment #2

woe
🙂

commentinfo By: ei lay at Mar 2, 2013
Comment #3

wherever u r
whatever u do
i’ll be right here waiting for u.

commentinfo By: ei lay at Mar 3, 2013
Comment #4

အားပေးဆဲပါ အမ ကဗျာကလေးက ချစ်စရာလေး 🙂

commentinfo By: n$n at Mar 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment