Professional Authors

ဆူးနင့်စွဲရင် – နရီထက်

ငိုစရာတွေကြုံတိုင် ထွက်ပေါက်မရှိတဲ့
မျက်ရည်ကို တောင်းပန်တတ်လာပြီး
ပျော်စရာတွေတွေ့တိုင် ငြိမ်ကျသက်လာတဲ့
ရင်ဘတ်ကြီးကို အားနာတတ်လာတယ်ကွယ်
ကျရာ ဇာတ်ရုပ်ကို လက်ခုပ်တီးဖို့
မေ့နေတတ်တဲ့ ငါ …
ဇာတ်ဆရာက ဖြေးဖြေးလေးနှင့် မေ့ဆေးပေးနေသလားလို့
ဝေးမှ ပြေးစရာ မြေရှိတာမဟုတ်ဘူး
နီးရက်နှင့် ဝေးသွားတာတွေ ရှိတတ်လွန်းလို့
နားလည်မှုကို မိုးခေါ်သလို အပြေးဆိုက်ရောက်ချင်တယ်
အက်ကျလာတဲ့ နှလုံးသားက
အရိပ်တွေကို တိုးဝှေ့ခွင့်ပေးသလို
အတိတ်တွေကိုလည်း ရှင်သန်ခွင့်ပေးနေဆဲရယ်
ဘ၀အလှကို ဆူးနှင့်ရစ်နှောင်ထားရင်တောင်
ကျစ်ကျစ်ပါအောင် ဆူးကိုင်ထားမယ်
သွေးစတွေနှင့် ငါ့လက်ဖ၀ါးကို မသနားတတ်တော့ဘူး… သိလား
ဖြေဆေးမရှိတဲ့ စိတ်အနာကိုပဲ…
ဂရုဏာလို့.. တင်စားပြီး ဂါထာ ရွတ်ပြလိုက်အုန်းမယ်
ပျံရင်းပျံရင်း သေသွားတဲ့ ငှက်ကို လိုက်ရှာနေတယ်
ကြံရင်းကြံရင်း သေသွားတဲ့ လူမမာကိုလည်း တွေ့ချင်တယ်
အဆိပ်တစ်ခွက်ကို ကိုယ်ကိုတိုင် ဖော်စပ်နေလည်း
ဖြေဆေးကို ကြိုသိနေရတယ်
ပြန့်ကြဲသွားတဲ့ မာနကို တစ်စစီ ကောက်ဆက်နေချိန်မှာ
ရေထဲ မျှောမယ့် ဖောင်း အပျက် မခံဘူး
ကိုယ်ကိုတိုင် အဖျက် ခံ နိုင်ဖို့ လိုတယ်
မောင်မောင်.. ခေါ်တိုင် ဗျာ ထူး တတ်ကြပေမဲ့
လိမ်အောင်တော့ က မယ့် လူ ရှားတယ်
နေ့နှင့် ညကို အလင်းနှင့်အမှောင် က ရန်မတိုက်ပေးတတ်သလို
လောကဓံကို ထိပ်တိုက်တွေ့ကြမယ့် သူ ရှားလောက်တယ်
အကာအကွယ်ကို အသာယူ မျက်နှာဖုံးကို ဖြေးဖြေးချင်း
ခွာချပြမယ့် လူစားမျိုးတွေပါဗျာ….။      ။

နရီထက်
( ၁၇ ၊ ဇန်န၀ါရီလ ၊ ၂၀၁၂ )

In: ကဗျာ Posted By: Date: Jan 17, 2012
Comment #1

ကိုနရီထက်….အားပေးနေပါတယ်ဗျာ…

commentinfo By: poem.poem28 at Jan 17, 2012
Comment #2

ငိုစရာတွေကြုံတိုင် ထွက်ပေါက်မရှိတဲ့
မျက်ရည်ကို တောင်းပန်တတ်လာပြီး
ပျော်စရာတွေတွေ့တိုင် ငြိမ်ကျသက်လာတဲ့
ရင်ဘတ်ကြီးကို အားနာတတ်လာတယ်ကွယ်
ကျရာ ဇာတ်ရုပ်ကို လက်ခုပ်တီးဖို့
မေ့နေတတ်တဲ့ ငါ …
ဇာတ်ဆရာက ဖြေးဖြေးလေးနှင့် မေ့ဆေးပေးနေသလားလို့

commentinfo By: May Kha at Jan 17, 2012
Comment #3

အားပေးသွားပါတယ်ဗျာ

commentinfo By: yaewintaung at Jan 17, 2012
Comment #4

ဖြေဆေးမရှိတဲ့ စိတ်အနာကိုပဲ…
ဂရုဏာလို့.. တင်စားပြီး ဂါထာ ရွတ်ပြလိုက်အုန်းမယ်
ပျံရင်းပျံရင်း သေသွားတဲ့ ငှက်ကို လိုက်ရှာနေတယ်
ကြံရင်းကြံရင်း သေသွားတဲ့ လူမမာကိုလည်း တွေ့ချင်တယ် ….အားပေးသွားတယ်ဗျာ ဒီစားသာလေးင်္တေ ခိုက်တယ်
စရာတွေကြုံတိုင် ထွက်ပေါက်မရှိတဲ့
မျက်ရည်ကို တောင်းပန်တတ်လာပြီး
ပျော်စရာတွေတွေ့တိုင် ငြိမ်ကျသက်လာတဲ့
ရင်ဘတ်ကြီးကို အားနာတတ်လာတယ်ကွယ်
ကျရာ ဇာတ်ရုပ်ကို လက်ခုပ်တီးဖို့
မေ့နေတတ်တဲ့ ငါ …
ဇာတ်ဆရာက ဖြေးဖြေးလေးနှင့် မေ့ဆေးပေးနေသလားလို့
ဝေးမှ ပြေးစရာ မြေရှိတာမဟုတ်ဘူး
နီးရက်နှင့် ဝေးသွားတာတွေ ရှိတတ်လွန်းလို့…….ဒီအပှဒ်လေးတွေလဲကြိုက်တယ်နော်။

commentinfo By: thuya at Jan 18, 2012
Comment #5

မောင်မောင်.. ခေါ်တိုင် ဗျာ ထူး တတ်ကြပေမဲ့
လိမ်အောင်တော့ က မယ့် လူ ရှားတယ်
နေ့နှင့် ညကို အလင်းနှင့်အမှောင် က ရန်မတိုက်ပေးတတ်သလို
လောကဓံကို ထိပ်တိုက်တွေ့ကြမယ့် သူ ရှားလောက်တယ်
အကာအကွယ်ကို အသာယူ မျက်နှာဖုံးကို ဖြေးဖြေးချင်း
ခွာချပြမယ့် လူစားမျိုးတွေပါဗျာ….။ ။
အားကျလေးစား အားပေးလျှက်ပါ

commentinfo By: အသဲကွဲမိုး at Jan 18, 2012
Comment #6

ငိုစရာတွေကြုံတိုင် ထွက်ပေါက်မရှိတဲ့
မျက်ရည်ကို တောင်းပန်တတ်လာပြီး
ပျော်စရာတွေတွေ့တိုင် ငြိမ်ကျသက်လာတဲ့
ရင်ဘတ်ကြီးကို အားနာတတ်လာတယ်ကွယ်

အက်ကျလာတဲ့ နှလုံးသားက
အရိပ်တွေကို တိုးဝှေ့ခွင့်ပေးသလို
အတိတ်တွေကိုလည်း ရှင်သန်ခွင့်ပေးနေဆဲရယ်

အဲ့ဒီ အပိုဒ်တွေကိုအရမ်းကြိုက်တယ်…
ကဗျာတော့မရေးတတ်ဘူး ဒါပေမယ့် ခံတော့ခံစားတတ်ပါတယ်…
အမြဲအားပေးနေပါတယ်….

commentinfo By: ဖူးမေ at Jan 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment