Professional Authors

မပြောင်းလဲတဲ့ … အချစ်

ကောင်မလေးရယ် …
ဒီဇင်ဘာလို အေးစက်တဲ့
စကားလှိုင်းတွေကြား
ငါ့အချစ်တွေေ၀၀ါးနေခဲ့လို့
တိမ်တွေလို လွင့်မျောရင်း
တစ်ဖက်သတ် ချစ်ခဲ့မိတာကြောင့်
ရှေ့ဆက်မရမှန်း သိပါတယ် …

မျှော်လင့်ချက်မဲ့ နှလုံးသားရဲ့
ရင်ခုန်သံ အပိုင်းအစတွေလောင်မြိုက်
အသည်းကွဲခြင်း နိဒါန်းတွေနဲ့အတူ
တစ်ကိုယ်တည်း ကြေကွဲနေရတဲ့
မိုးရာသီ ဇာတ်လမ်းအတိုင်း
မျက်ရည်စက်တွေ စီးဆင်းလို့
ပင်လယ်လို အဖော်မဲ့ခဲ့ရသူပါ …

မင်းရဲ့ အပြုံးတစ်ပွင့်
မတော်တဆ ဝေ့၀ဲလာရင်တောင်
မချစ်မှန်း သိလည်းပဲ
ရင်ခုန်သံတွေ မှားယွင်းပြီး
နွေဆန်ဆန် နှလုံးသားနဲ့
ပျော်ရွှင်နေမှာပါကွယ် … ။

Zero Boyz   >>>  zeroboyz123@gmail  <<<

In: ကဗျာ Posted By: Date: Jan 21, 2012
Comment #1

အားပေးသွားပါတယ်

commentinfo By: May Kha at Jan 21, 2012
Comment #2

မင်းရဲ့ အပြုံးတစ်ပွင့်
မတော်တဆ ဝေ့၀ဲလာရင်တောင်
မချစ်မှန်း သိလည်းပဲ
ရင်ခုန်သံတွေ မှားယွင်းပြီး
နွေဆန်ဆန် နှလုံးသားနဲ့
ပျော်ရွှင်နေမှာပါကွယ် … ။
အားပေးသွားတယ်ဗျို့

commentinfo By: အသဲကွဲမိုး at Jan 21, 2012
Comment #3

har,,,,,,,,,,,,,,
e d lout taung chit tar 1 ke lar hin?
no doubt,,fri..
u’ll get what u give,,,nope,,nope,,u’ll get double,,,,
fighting,,,

commentinfo By: ei lay at Jan 23, 2012
Comment #4

good

commentinfo By: laypyay at Apr 28, 2012
Comment #5

extremely like both title & poem

commentinfo By: ei lay at Jul 30, 2012
Comment #6

*_*
*__*

commentinfo By: ei lay at Dec 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment