Professional Authors

ဘာသာနဲ့ ထုထားတာမို့လဲကွယ်

ရင်ခုန်သံတွေ ဗလောင်ဆူတာ သိမှာစိုးလို့

ခဏ ၀ှက်ထားလိုက်တာ

အခုထိ..

တလှပ်လှပ် ဖြစ်နေတုန်းပဲ

သူလဲ မကြားစေချင်သလို

ငါလဲ ခဏ ခဏ မကြားမိအောင်

ကျူးလွန်ခဲ့မိတာ

ငါကိုယ်ငါတော့ မုသားမသုံးနိုင်ခဲ့

ဘယ်လိုပဲပဲဖြစ်ဖြစ်ပါ

အပြစ်ဆိုတဲ့ ဝေဒနာက

ရင်ဘတ်က စေးထန်းနေဆဲ

မပွင့်တပွင် တောင်းဆိုနေဆဲ..

ဘာသားနဲ့ ထုထားမှန်းမသိတဲ့ ငါပါ..

ကျောက်စိုင် ကျောက်သား ဆိုရင်တောင်

မတုန်မလှုပ်နဲ့ အရည်ပျော်နေတာပဲ ဖြစ်မှာ

ဒီအတိုင်းတော့ မမြင်နိုင်ဘူးပေါ့

အို အပြုံးတစ်ပွင့်ရဲ့ ပိုင်ရှင်ရယ်

မင်းရဲ့ အပြုံးလက်နက်နဲ့

ဒီကျောက်စိုင်တွေ အရည်ဖျော်ပေးခဲ့တာ

ကျေးဇူးပါ..

In: ကဗျာ Posted By: Date: Nov 10, 2011
Comment #1

အပြစ်ဆိုတဲ့ ဝေဒနာက

ရင်ဘတ်က စေးထန်းနေဆဲ

မပွင့်တပွင် တောင်းဆိုနေဆဲ..

ဘာသားနဲ့ ထုထားမှန်းမသိတဲ့ ငါပါ..

ကျောက်စိုင် ကျောက်သား ဆိုရင်တောင်

မတုန်မလှုပ်နဲ့ အရည်ပျော်နေတာပဲ ဖြစ်မှာ

ဒီအတိုင်းတော့ မမြင်နိုင်ဘူးပေါ့

commentinfo By: May Kha at Nov 10, 2011
Comment #2

really nice..

hote de naw.
u r right.
lie myself is worse than lie others.
ha,,ha,,

commentinfo By: ei lay at Nov 11, 2011
Comment #3

အပြုံးလက်နက်နဲ့တောင် ကျောက်စိုင်တွေအရည်ပျော်ကုန်တယ်ဆိုတော့ နည်းတဲ့အပြုံးတော့မဖြစ်နိုင်ဘူး ကဗျာလေး ကောင်းပေ့ဗျာ အားပေးသွားပါတယ် ။

commentinfo By: X - ray at Nov 12, 2011
Comment #4

ha,,ha,,,
hote me

commentinfo By: ei lay at Nov 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment