Professional Authors

ချစ်ခွင့်ပန်ဆုတောင်း

အမုန်းမပွားချင်လို့
နှလုံးသားကြားက
ငြိမ်းချမ်းရေးစကားလေး
သူသိဖို့…..
နှင်းဆီတစ်ပွင့်နဲ့ လက်နက်ချလိုက်ပါပြီ။

မင်းရဲ့ရှေ့မှောက်
ဒူးထောက်ပြိုလဲ
ငါ့ကိုလည်း….
အလွယ်တကူ မဆုံးဖြတ်လိုက်ပါနဲ့။

အဆုံးသတ်တစ်နေ့မှာ
နင့်အပြုံးတစ်ပွင့်…
ငါ့အတွက် ဖြစ်နိုင်မလား
ငါ ဆုတောင်းမိပါတယ် မေ….။ ။

In: ကဗျာ Posted By: Date: May 16, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment