Professional Authors

ခါး

ဘ၀မှာ …
မျှော်လင့်ခြင်းတွေ ဗိုင်းရပ်စ်ကိုက်ခံရလို့
အပြုံးတစ်ပွင့်တောင် လတ်ဆတ်စွာ မဖူးပြနိုင်တဲ့အဖြစ်
နေ့ရက်တွေဟာ ပြဿဒါးချည်းလားမှတ်ထင်ရပေမယ့်
ဇွဲတံခွန်တော့ ဖြုတ်ချဖို့ မရှိဘူး။

ငါနဲ့ငါဟာ အမြဲစီးချင်းထိုးနေရတဲ့ထဲ
မလိုလားတဲ့ အကာရံတွေက သည်းကြီးမည်းကြီး
မှောင်မိုက်ခြင်းတွေကြားမှာ မမိုက်မဲဖို့တော့ အသိဝင်မိရဲ့
ညက မလှရတဲ့ထဲ
ကမ္ဘာကပါ အစစ် အကျည်းတန်ပြနေသေးတော့
ရင်မောရတယ် ကာရံရယ်

နှစ်ပါးသွားကဖို့ တောင်းဆိုနေကြတဲ့
တွေဝေခြင်းတွေ မွန်းကျပ်မှုတွေကို
သူငယ်ချင်းအဖြစ်က ရပ်စဲမှဖြစ်မယ်
ဘာပဲဖြစ်ဖြစ် …
နေမ၀င်ခင် အပြုံးတစ်ပွင့်တော့ လှလှပပ ဖူးပွင့်ရဦးမယ်လေ။

In: ကဗျာ Posted By: Date: Dec 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment