Professional Authors

အိပ်မက် ဧည့်သည်

ဘ၀ကို တံခါး မှားခေါက် တလိမ့်ခေါက်ကွေး ရောက်လာသူတွေ …
ဇာတ်ခုံပေါ်တက် … ဘယ်နားရပ်ရမှန်း မသိသူတွေ … သူတို့တွေ …
မြင်ကြည့်စမ်း ကဗျာ … “အလကား ယူသွားပါဗျာ ” လို့ ဆိုင်း ဘုတ် မတပ်ရုံ တမယ် …
သူတို့ … လိုအပ်နေခဲ့တယ် ကဗျာ …
တံခါးမှားခေါက် … တံခါးပေါက်မှားရောက်ခဲ့ပေမယ့် … သူတို့လဲ “လူ” .. ဒါပေမယ့် တူတူတန်တန်
ဖြတ်သွားတဲ့ ကားတွေကြား … လျှောက်သွားတဲ့ ခြေလှမ်းတွေကြားမှာ …
သူတို့ အနား နွေးထွေးစွာ လိုအပ်လာမယ့် တစ်စုံတစ်ရာ …
သူတို့ မျှော် လင့် ခဲ့ တယ် ကဗျာ …
ကားပါမစ် မသိဘူး နိုင်ငံရေး လွတ်ငြိမ်းခွင့် မသိဘူး… ဂျီအက်စ်အမ် သူတို့ မသိခဲ့ရဘူး ကဗျာ …
တကယ်တော့ သူတို့လဲ သိ ချင် ခဲ့ ရှာ မှာ ….
အိပ်မက်ထဲက ကမ္ဘာ … အိပ်မက်ထဲက ကမ္ဘာ … သြော် … အိပ်မက်ထဲက ကမ္ဘာမှာတောင်မှ သူတို့ အတွက်”အိမ်” ဆိုတာ …
“မိဘမဲ့ ဂေဟာ” … “လူငယ်ထိန်းသိမ်းပြုပြင်ရေးနေရာ” … ဒါ .. ဒါ ..

ဘယ်သူမှားလဲ မသိပေမယ့် သူတို့ မျှော်လင့်ခဲ့တယ် …
ဘယ်သူမှားလဲ သိနေပေမယ့် သူတို့ မျှော်လင့်ဆဲ …
တကယ်တော့ သူတို့အတွက် “မိသားစု” ဆိုတာ “အိပ်မက်ထဲက ဧည့်သည်” သာ …
In: ကဗျာ Posted By: Date: Jan 20, 2012
Comment #1

ရေးနေကျ အကြောင်းအရာတွေထဲကနေ သိသိသာသာ ကွဲထွက်နေတဲ့ ကဗျာ …
အပြင်မှာလဲ တကယ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာ …
သုံးနေကျ စကားလုံးလှလှ … 🙂 … ငယ် ဒီကဗျာ ခြောက်သရမ်း ကြိုက်တယ် …းD

commentinfo By: ငယ် at Jan 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment