Why?
ချစ်ခဲ့တယ်
ရင်ဘတ်ကြီးနဲ့ကို
ချစ်ခဲ့တာပါ
ဒါပေမယ့်
ကောင် မလေးရေ…
ဘာကြောင့်များ ငါမဟုတ်ရတာလဲ……………။
အချိန်တွေ အတော်များများပေါ့
ငါလေ နာရီတောင် မကြည့်နိုင်ပဲ
မင်း အတွက် ဖြည့်ဆည်းပေးခဲ့တယ်
ဒါပေမယ့်
ကောင်မလေးရေ
ဘာကြောင့်များ ငါမဟုတ်ရတာလဲ…………..။
နင်လိုသမျှ
နင် စေသမျှ
နင် ဖြစ်ချင်သမျှ
ငါ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခဲ့တယ်
ဒါပေမယ့်
ကောင်မလေးရေ
ဘာကြောင့်များ ငါမဟုတ်ရတာလဲ………….။
ဘ၀ကို အပ်
အသည်းတွေကွဲ
စိတ်တွေ ဆင်းရဲပြီး
လှိုက်လှိုက်လှဲ လှဲနဲ့
အနစ်နာခံခဲ့တာငါပါ
ဒါပေမယ့်
ကောင်မလေးရေ
ဘာကြောင့်များ ငါမဟုတ်ရတာလဲ………….။
ဘာကြောင့်များလဲ ဗျာ
ဘာကြောင့်များလဲ
ချစ်ခဲ့တာ ကျွန်တော်
သူပြန်ချစ်တာ ကျွန်တော် ဘာလို့ မဟုတ်ရတာလဲ……….။
ဂရုစိုက်ခဲ့တာ ကျွန်တော်
သူပြန်ဂရုစိုက်ခဲ့တာ ကျွန်တော် ဘာလို့ မဟုတ်ရတာလဲ….။
သူဘေးနားမှာ ရှိခဲ့တာကျွန်တော်
သူနဲ့ အတူ ရှိခွင့် ရတာ ကျွန်တော် ဘာလို့ မဟုတ်ရတာလဲ…။
ဘာလို့ များ………..
ဘာလို့များ…………
ဘာလို့များလဲ ဗျာ…………………….။
Comment #2
why?
why?
why?
By: ei lay at Apr 27, 2012




Comment #1
oh,,,
wow,,,,
so nice,,,
i m envious of u.
thu le naung ta ya nay lout par p.
pyan lar kwint lay pay like par.