Professional Authors

စံပယ်ဖြူအိမ်မက် – လင်းထက်(ထူးအိမ်သင်)

လှိုင်းခတ်သံဂီတ
ချိုမြမပီပြင် ၊ သည်ရင်မှာ
ကြယ်ပြာလပြာ ၊ ကောင်းကင်ပြာ
ရောင်လွှာမြူးပြက် ၊ လျှပ်လက်သလို
အို ..လှလိုက်တာ။

သဲသောင်ခုံလား ၊ ရေစွယ်လားလေ
ခြေသံဖွဖွ ၊ ကြားနေရပေါ့
မွှေးမြသန့်စင် ၊ အာရုံမြင်ရနံ့ 
သင်းပျံနေဆဲ ရင်ထဲမှာ..။

စကားတိုးတိုး ၊ မြူခိုးဝေဝေ
စံပယ်ရေ စံပယ်ဖြူ
ဘယ်သူများလဲ ၊ မေးလိုက်ဆဲမှာ
သဲသဲလှုပ်လှုပ် ၊ ငှက်တစ်အုပ်
ရုတ်ချည်းပျံပြေး ၊ ဟိုအဝေးကို။

သည်အိမ်မက်မှ ၊ မောင်နိုးထလည်း
တမ်းတတပ်မက် ၊ ရုန်းမထွက်ချင်
သက်ဦးမြတ်မွန် ၊ ရွာလွန်ရွက်တိုက်
ပြးလိုက်ရှာဖွေ
စံပယ်ရေ စံပယ်ဖြူ
ဘယ်သူများလဲ ၊ ဘယ်မှာလဲကွယ်
ရင်ထဲမေးမိဆဲပါမေ ။

လင်းထက်(ထူးအိမ်သင်)

ရှုမဝ
၁၉၈၂ ၊ ဒီဇင်ဘာ

Comment #1

သည်အိမ်မက်မှ ၊ မောင်နိုးထလည်း
တမ်းတတပ်မက် ၊ ရုန်းမထွက်ချင်
သက်ဦးမြတ်မွန် ၊ ရွာလွန်ရွက်တိုက်
ပြးလိုက်ရှာဖွေ
စံပယ်ရေ စံပယ်ဖြူ
ဘယ်သူများလဲ ၊ ဘယ်မှာလဲကွယ်
ရင်ထဲမေးမိဆဲပါမေ ။

commentinfo By: chityellusoelay at Aug 20, 2011
Comment #2

သည်အိမ်မက်မှ ၊ မောင်နိုးထလည်း
တမ်းတတပ်မက် ၊ ရုန်းမထွက်ချင်
သက်ဦးမြတ်မွန် ၊ ရွာလွန်ရွက်တိုက်
ပြးလိုက်ရှာဖွေ
စံပယ်ရေ စံပယ်ဖြူ
ဘယ်သူများလဲ ၊ ဘယ်မှာလဲကွယ်
ရင်ထဲမေးမိဆဲပါမေ ။
တော်လိုက်တာဗျာ

commentinfo By: အသဲကွဲမိုး at Mar 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment