Professional Authors

:(

တစ်ခါတစ်ခါ….

ငါ့စိတ်ဓတ်တွေပြုတ်ကျနေတဲ့အခါ

သတိရခြင်းဆိုတဲ့ 

ဖိနပ်တစ်ရံကိုကောက်စွပ်ပြီး

နင့်ဆီအရောက်ပြေးလိုက်ချင်တယ်။

တစ်ခါခါ….

ငါ့ကိုယ်ငါ သိပ်စိတ်ပျက်တဲ့အခါ

အေးမြချိုမြိန်တဲ့

နင့်အပြုံးတွေနဲ့ အားပေးတတ်တဲ့

အားဆေးချိုချိုတစ်ခွက် သောက်လိုက်ချင်တယ်။

တစ်ခါခါ…

ဘာမှန်းမသိ ဟာလာဟင်းလင်းကြီးဖြစ်နေတဲ့အခါ

သံစဉ်ချိုချိုတွေမြည်တဲ့

ပန်းနုရောင်ရင့်ရင့် နင့်နှုတ်ခမ်းတစ်စုံဆီက

တေးသွားတွေကို နားဆင်နေချင်မိတယ်။

တစ်ခါတစ်ခါ…

ရှေ့ ဆက်ဖို့ ခွန်အားတွေချိလာတဲ့အခါ

အားမန်ပြည့်တဲ့

ခွန်အားတွေမျှဝေပေးတတ်တဲ့

နင့်လက်တစ်စုံကို ဆုပ်ကိုင်ပြီးအားတင်းထားချင်တယ်။

 

××မောင်ကောင်လေး××

 

In: ကဗျာ Posted By: Date: Jan 17, 2012
Comment #1

kwat ti be kwar,,
thz so much

commentinfo By: ei lay at Jan 17, 2012
Comment #2

တစ်ခါတစ်ခါ…

ရှေ့ ဆက်ဖို့ ခွန်အားတွေချိလာတဲ့အခါ

အားမန်ပြည့်တဲ့

ခွန်အားတွေမျှဝေပေးတတ်တဲ့

နင့်လက်တစ်စုံကို ဆုပ်ကိုင်ပြီးအားတင်းထားချင်တယ်။

commentinfo By: May Kha at Jan 18, 2012
Comment #3

e lout chit phoe kaung de thu 1 yout lout lo chin par d,
kwi,,kwi,,

commentinfo By: ei lay at Jan 18, 2012
Comment #4

ဝင်ရောက် ခံစားပေးသွားကြလို့  ကျေးဇူးတင်မိပါတယ်ဗျာ။ 🙂

commentinfo By: Mg kg lay at Jan 18, 2012
Comment #5

တစ်ခါတစ်ခါ….

ငါ့စိတ်ဓတ်တွေပြုတ်ကျနေတဲ့အခါ

သတိရခြင်းဆိုတဲ့

ဖိနပ်တစ်ရံကိုကောက်စွပ်ပြီး

နင့်ဆီအရောက်ပြေးလိုက်ချင်တယ်။

တစ်ခါခါ….

ငါ့ကိုယ်ငါ သိပ်စိတ်ပျက်တဲ့အခါ

အေးမြချိုမြိန်တဲ့

နင့်အပြုံးတွေနဲ့ အားပေးတတ်တဲ့

အားဆေးချိုချိုတစ်ခွက် သောက်လိုက်ချင်တယ်။

တစ်ခါခါ…

ဘာမှန်းမသိ ဟာလာဟင်းလင်းကြီးဖြစ်နေတဲ့အခါ

သံစဉ်ချိုချိုတွေမြည်တဲ့

ပန်းနုရောင်ရင့်ရင့် နင့်နှုတ်ခမ်းတစ်စုံဆီက

တေးသွားတွေကို နားဆင်နေချင်မိတယ်။

တစ်ခါတစ်ခါ…

ရှေ့ ဆက်ဖို့ ခွန်အားတွေချိလာတဲ့အခါ

အားမန်ပြည့်တဲ့

ခွန်အားတွေမျှဝေပေးတတ်တဲ့

နင့်လက်တစ်စုံကို ဆုပ်ကိုင်ပြီးအားတင်းထားချင်တယ်။

commentinfo By: ဇော်သက်ဦး(Ayatekalay) at Jan 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment