Professional Authors
မိန်းကလေးဟာ ကြွက်တစ်ကောင်ဖြစ်တယ် (စိုင်းစိုင်းခမ်းလှိုင်)
ကိုယ် ကိုယ်တိုင်ဟာလေထက်ပေါ့မှန်း
လေထဲမြောမှသိလိုက်ရ
မိန်းကလေးဟာ ကြွက်တစ်ကောင်ဖြစ်တယ်
သတိထားနေရက်ကနဲ့ 
အဲဒီ သတိကို ကိုက်ဖြတ်ခဲ့ 
မိန်းကလေးဟာ ကြွက်တစ်ကောင်ဖြစ်တယ်
ဝိုးတ၀ါးဇာတ်လမ်းထဲ
ူပီပီပြင်ပြင် ပျောက်ဆုံးနေတာ
မိန်းကလေးဟာ ကြွက်တစ်ကောင်ဖြစ်တယ်
နွေဦးတိမ်လို ဖြူဆွတ်ပြီး
နွေဦးတိမ်လို ပျယ်လွင့်လွယ်
မိန်းကလေးဟာ ကြွက်တစ်ကောင်ဖြစ်တယ်
စိတ်ထောင်ချောက်ထဲက 
အတွေးအားလုံးကိုခိုးဝှက်သူ
မိန်းကလေးဟာ ကြွက်တစ်ကောင်ဖြစ်တယ်
ဒီမှာ –
  မိန်းကလေးဟာ ကြွက်တစ်ကောင်ဆိုရင်
  မိန်းကလေးဟာ ကြွက်အဖြူလေးတစ်ကောင် ဖြစ်လိမ့်မယ်
  ကြွက်အဖြူတိုင်းဟာ မိန်းကလေးမဟုတ်
  ဒီကြွက်ကလေးသာ မိန်းကလေးဖြစ်တယ်
  မိန်းကလေး
  မင်းဟာကြွက်တစ်ကောင်ဖြစ်တယ်
  ဘယ်သူတွေဘာပြောပြော
  မိန်းကလေးဟာ ကြွက်တစ်ကောင်ဖြစ်တယ် 
  မိန်းကလေးတိုင်းဟာ ကြွက်မဟုတ်ခဲ့ 
  ဒီမိန်းကလေးသာ ကြွက်တစ်ကောင်ဖြစ်တယ်..
ဒီလိုနဲ့ -
  မိန်းကလေးကိုကြွက်လို့ ထင်နေဆဲ
  ကိုယ့်ဝိဥာဉ် ကိုယ်ငုံ့ ကြည့်လိုက်ချိန်
  ကိုယ်ဟာသာ ကြွက်တစ်ကောင်ဖြစ်ပေရဲ့ ..
ဟင့်အင်း –
  မိန်းကလေးဟာ ကြွက်တစ်ကောင်ဖြစ်တယ် ..
 စိုင်းစိုင်းခမ်းလှိုင်
  19 – Aug – 07 
 idea magazine 07 dec issue 
Comment #1
စိုင်းစိုင်းတို့ကတော့ လုပ်ချလိုက်ပြီရှင်
ကျမတို့ဟာ ကြွက်တွေတဲ့ ..
ချစ်စရာကြွက်ဖြူလေးတွေပေါ့နော်
စိုင်းစိုင်းရဲ့ စိတ်ကူးလေးက ချစ်စရာကောင်းပါတယ်
commentinfo By: မေပျို at Jan 5, 2013
Comment #2
ကြွက်ဖြုတစ်ကောင်…လာရောက် အားပေးသွားတယ် ကိုကြွက် (မည်း)
commentinfo By: sawkaythwe at Jan 5, 2013
Comment #3
🙂
commentinfo By: ei lay at Mar 1, 2013
Comment #4
ချစ်စရာလေး ကဗျာလေးက
commentinfo By: သံလွင် at Apr 25, 2013
Comment #5
ကြွက် လှ လှ လေး လဲ လာ အား ပေး ပါ တယ် ရှင့် 😛
commentinfo By: သွဲ့သွဲ့ at May 26, 2013
Comment #6
စိုင်းစိုင်းက ကဗျာတွေလဲရေးတယ်နော် နောက်ထပ်လဲရေးပါဦး
commentinfo By: Kay Thi at Jul 11, 2013
Comment #7
မိုက်တယ်
commentinfo By: ပန်း at Jul 11, 2013
Comment #8
; ) လန်းပ !
commentinfo By: SheMo at Aug 1, 2013
Comment #9
ဦးဦးကအရမ်းမိုက်တယ်
commentinfo By: khinelay at Aug 24, 2013
Comment #10
အာ့ကြောင့်ပြောတာ ဘဲကြီးကဘက်စုံတော်ပါတယ်ဆို
commentinfo By: Gaday Win at Feb 25, 2015
Leave Comments
Name*
Email*
Website
Email me whenever there is new comment