မမျှော်လင့်တဲ့…ရင်ဖွင့်ကဗျာ
စိတ်ကူးနဲ့ ရူးခဲ့တာတောင်မှ
ရနံ့မပါပဲ ပွင့်တဲ့ပန်း…
ယုယုယယ ထိုးစိုက်ခဲ့ပေမယ့်
ရွက်ဝါတွေသန်းလို့တောင်
အလွမ်းမပြေနိုင်ခဲ့ဘူးဗျာ…..။
တားဆီးမရတဲ့ ဝေဒနာ…
ထပ်ကာထပ်ကာသူပေးလို့
သေရာပါအောင် လုပ်ရက်တယ်…
မနက်ဖြန်တိုင်းမှာ အလွမ်းပြေချင်တာက
ကျွန်တော့် နှလုံးသားရဲ့
ညည်းညူသံတွေလေဗျာ….၊
တစ်ခါတစ်ခါ သူကြားနိုင်ဖို့ မျှော်လင့်မိရဲ့…။
မီးစုံဖွင့် အခမ်းအနား တစ်ခုမှာ
ရင်ကွဲပက်လက်ရဲ့ တွန်ကျူးသံပေါ့ဗျာ..၊
ရင်နာတယ်ဆိုတော့မှ ကြည်လိုက်မိတယ်
ဘယ်လောက်တောင်မှလဲဆိုရင်…
ကျွန်တော့် နှလုံးသားမှာ
ဆူးပန်းတွေပွင့်မှပဲ
ကျွန်တော် ရူးမှန်းသိတယ်…။
ဇော်သက်ဦး
Comment #2
မနက်ဖြန်တိုင်းမှာ အလွမ်းပြေချင်တာက
ကျွန်တော့် နှလုံးသားရဲ့
ညည်းညူသံတွေလေဗျာ….၊
တစ်ခါတစ်ခါ သူကြားနိုင်ဖို့ မျှော်လင့်မိရဲ့…။
နှစ်သက်စွာခံစားအားပေးသွားပါတယ်
By: အသဲကွဲမိုး at Jan 11, 2012
Comment #3
goodတယ်….ဗျာ
ခံစားအားပေးသွားပါတယ်။
By: poem.poem28 at Jan 11, 2012
Comment #4
မီးစုံဖွင့် အခမ်းအနား တစ်ခုမှာ
ရင်ကွဲပက်လက်ရဲ့ တွန်ကျူးသံပေါ့ဗျာ..၊
ရင်နာတယ်ဆိုတော့မှ ကြည်လိုက်မိတယ်
ဘယ်လောက်တောင်မှလဲဆိုရင်…
ကျွန်တော့် နှလုံးသားမှာ
ဆူးပန်းတွေပွင့်မှပဲ
ကျွန်တော် ရူးမှန်းသိတယ်…။
By: May Kha at Jan 11, 2012
Comment #5
ွခံစားချက်ပြင်းပြင်းနဲ့ ရေးထားတဲ့ ကဗျာဘဲ
ဖတ်လို့ တကယ်ကောင်းတယ်
ကိုအရိပ်ရဲ့ကဗျာတွေ မဖတ်ရတာ ကြာပြီဗျ
အရေးအသားတွေ လေးစားလျှက်
RAY
ိ
By: X - ray at Jan 11, 2012
Comment #6
i don’t think so….
i don’t think it’s fool.
i think it’s love.
love is completely known & all forgiven.
By: ei lay at Jan 11, 2012
Comment #7
အားပေးကြတဲ့ သူငယ်ချင်းတို့ကို ကျေးဇူးတင်ပါတယ်..။
ဝေဖန်အားပေးမှုကို လက်ခံလျက်..။
ဇော်သက်ဦး(Ayatekalay)
By: ဇော်သက်ဦး(Ayatekalay) at Jan 12, 2012
Comment #8
(စိတ်ကူးနဲ့ ရူးခဲ့တာတောင်မှ
ရနံ့မပါပဲ ပွင့်တဲ့ပန်း…
ယုယုယယ ထိုးစိုက်ခဲ့ပေမယ့်
ရွက်ဝါတွေသန်းလို့တောင်
အလွမ်းမပြေနိုင်ခဲ့ဘူးဗျာ…..။)
စာသားတွေက အလန်းပဲဗျာ အရမ်းမိတယ်…….
By: kokolatt at Jan 12, 2012




Comment #1
ကောင်းတယ်ဗျို့ ကဗျာလေးက။
ကျွန်တော့် နှလုံးသားမှာ
ဆူးပန်းတွေပွင့်မှပဲ
ကျွန်တော် ရူးမှန်းသိတယ်…။