Professional Authors

This Time

This Time

ဒီလိုဆောင်းညမှာပေါ့…

လင်းလက်စုံညီ ကြယ်စင်တွေအောက်

နှင်းလူးလမ်းတွေပေါ် ဖြတ်လျှောက်ရင်း

မင်းကို သတိရတယ် အချစ်ရယ်… ။      

ဒီလိုဆောင်းညမှာပေါ့…

မင်းစံအိမ်ရှေ့ မီးရောင်တွေအောက်

လှေကားထစ်တွေပေါ် ရပ်မိရင်း

အိန်ဂျယ်တွေမှတဆင့် မင်းထံပါး

စကားမေတ္တာပို့မိတယ်

အမြဲတစေ မင်းအတွက်

အသင့်ရှိချင်သူပါ အချစ်ရယ်…            

ဒီလိုဆောင်းညမှာပေါ့…

ဘားဆိုင်က နီယွန်ရောင်တွေ

ကားမီးရောင်တွေကြားက

ဆင်ဖိုနီတေးသွားတစ်ပုဒ် ပြန့်လွင့်လာရင်း

မွန်းကျပ်ရင်က အရည်ပျော်ကာကွာကျ

ရှင်းလင်းစွာ သိလိုက်မိတာက

မင်းကို အရမ်းချစ်တယ် အချစ်ရယ်…              

တို့နှစ်ဦး ကြည်နူးခဲ့တဲ့ အချိန်တွေမှာ

ငါ့ရဲ့မသိမိုက်မဲမှု နောက်ကွယ်က

မျှော်လင့်ချက်အိမ်မက်တွေ ယိုစိမ့်နေပုံ

ပြန်ကြည့်မိရင်း အံ့သြမိတယ်

ဘာတွေဖြစ်ပျက်သွားပြီလဲ ဒါတွေကို

ဘယ်လိုများ မေ့ပစ်နိုင်တော့မလဲ

ဒါပေမယ့်…

လေနုအေးလေးတွေ ငါကိုတိုးတိုက်တဲ့အချိန်

ဒီလိုဆောင်းညအချိန်မှာပေါ့…

ရင်ထဲက မင်းကို

ဘယ်အရာတွေကမှ မောင်းထုတ်မပစ်နိုင်ပါဘူး

တောင်းတစွာ လွမ်းတယ် အချစ်ရယ်…            

 

                                                Demon      

 

August Rush ရုပ်ရှင်ကားမှ ဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်သောThis Time သီချင်းအား ပြန်လည်ခံစားတင်ပြသည်။

 

In: ကဗျာ Posted By: Date: Sep 12, 2011
Comment #1

တို့နှစ်ဦး ကြည်နူးခဲ့တဲ့ အချိန်တွေမှာ

ငါ့ရဲ့မသိမိုက်မဲမှု နောက်ကွယ်က

မျှော်လင့်ချက်အိမ်မက်တွေ ယိုစိမ့်နေပုံ

ပြန်ကြည့်မိရင်း အံ့သြမိတယ်

ဘာတွေဖြစ်ပျက်သွားပြီလဲ ဒါတွေကို

ဘယ်လိုများ မေ့ပစ်နိုင်တော့မလဲ

ဒါပေမယ့်…

လေနုအေးလေးတွေ ငါကိုတိုးတိုက်တဲ့အချိန်

ဒီလိုဆောင်းညအချိန်မှာပေါ့…

ရင်ထဲက မင်းကို

ဘယ်အရာတွေကမှ မောင်းထုတ်မပစ်နိုင်ပါဘူး

တောင်းတစွာ လွမ်းတယ် အချစ်ရယ်…

commentinfo By: May Kha at Sep 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment