Professional Authors

ရွှေဖိနပ်လေးနဲ့လား မနန္ဒာ(genius)

ထွက်သွားမှာ
သိရက်သားနဲ့
မတားနိုင်ခဲ့တာ
“ဘ၀အတွက် …
ကြိုးစားခွင့်ပေးပါ” ဆိုလို့ပါ မနန္ဒာ။
 
ကသောင်းကနင်း
ပြေးတက်သွားတဲ့
လေယာဉ်ပျံကို
နှုတ်ဆက်ချင်ပေမဲ့
တကယ်တော့…
နင်ထွက်သွားမယ် ပြောတည်းက
နေ့ နေ့ ည ည
ငိုခဲ့ရသူဟာ…..ငါပါ.. မနန္ဒာ။

ပိုင်းခြားထားတဲ့ ရေမြေတွေနဲ့
အိပ်ယာဝင်ချိန် မတူတော့တဲ့
လူနှစ်ယောက်…
အိပ်မက်တွေ ကမ္ဘာခြားနေမှာ
တွေးလေ…ကြောက်လေပဲ  မနန္ဒာ။

အမှတ်တမဲ့ မဟုတ်
မှတ်မှတ်ရရ သိမ်းထားတဲ့
လွယ်အိတ်ထဲက ဓါတ်ပုံ
နင်မဟုတ်ရင် ဘယ်သူဖြစ်မှာလဲ မနန္ဒာ။

ငါ…ငါ..ဆိုတဲ့လူတစ်ယောက်
ဖြစ်ချင်တာတွေကို
ကမ္ဘာ စာမျက်နှာပေါ်မှာ
ချမရေးလိုက်ရတဲ့. . ငါ
ငါ….တကယ်ပဲ
လူဖြစ်ရရှုံးတာလား…မနန္ဒာ။

In: ကဗျာ Posted By: Date: Jun 15, 2012
Comment #1

ltnc,,ko poem,
ur writing style is changing,
nice creation.

commentinfo By: ei lay at Jun 15, 2012
Comment #2

အရမ်းကြိုက်တယ်ဗျို့
ဒီနေ့ကဗျာကောင်းတွေနဲ့ ကြုံတယ်…

commentinfo By: အသဲကွဲမိုး at Jun 15, 2012
Comment #3

ကဗျာတွေမဖတ်ဖြစ်တဲ့အချိန်မှာ geniusရဲ့အရေးအသားတွေကတော့ကောင်းမြဲ ကောင်းဆဲပါဘဲဗျို့
အရေးအသားတွေလေးစားလျှက်ပါ ~~
RAY

commentinfo By: X - ray at Jun 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment