Professional Authors

ဒွိဟ

အချစ်လို့ ကိုယ်ခံစားလိုက်တဲ့ အရာဟာ
စိတ်ကို ဆင်းရဲစေတယ်
.. တွေဝေ ပျော့ ညံ့ စေတယ်
 စိတ်ဓါတ်ခွန်အား လူခွန်အားကို ယုတ်လျော့ စေတယ်ဆိုရင်
 အဆိပ်သင့်အချစ်
 စားမိလက်စ မို့ ဆိုပီး အဆိပ်သီးကို
 ဆက်ပြီးပဲ မြိုမှာလား ထွေးထုတ်မှာလား သူငယ်ချင်း မင်းစဉ်းစား
 မင်းဆို တာက မိဘဆွေမျိုး သူငယ်ချင်းများရဲ့ အသည်း
 မင်း ငိုရင် တို့ လည်း မပျော်နိုင် မင်းမိဘလည်း အရူးပိုင် ဖြစ်..လို့ 
 သူငယ်ချင်းရယ် …
မင်းရဲ့ ဂုဏ်သိက္ခာ ကိုယ့် ကျင့်တရား တဘ၀လုံးကောင်းခဲ့ ပါရက်နဲ့ 
 အကြောင်းသင့် လို့ ပေါင်းခွင့် ရခဲ့တဲ့ သူ
သူ သူ သူ့ ကို တကယ်ချစ်ရင် ဖြင့် 
 ပိုင်ရှင်ရှိနှင့် သူ့ အချစ်က မင်းအတွက် ပျော်စရာလည်းမဖြစ်မှတော့ 
 အဆိပ်သင့် ခံမယ့် အစား ထွေးထုတ်လို့ ကုစား
ဆိုတော့ …..
မင်းကုစားပြန်တယ် မေ့ပျောက်နိုင်ဖို့ နည်းေ၇ွးမှားလို့ 
 ဘီယာတွေမော့  ဖဲဝိုင်းတွေထိုင် အမှားစုံ အကုန်လုပ်ပါလို့ ….
 သူ့ အချစ်နဲ့ သံယောဇဉ်ကို စမ်းသတ် မင်းလုပ်ရပ်က တို့ ကို အသေသတ်နေသလိုပဲ ….
တကယ်ဆိုရင် မင်းက မိန်းကလေးလေ…
 ဒါ မမေ့ကောင်းဘူး…..
 ဒုက္ခရောက်နေချိန်ထားခဲ့ရင် သူငယ်ချင်းကောင်းမမည် မိတ်ဆွေစစ်မဟုတ်..
 မင်းက ငါ့ အပေါ် တကယ့်ကိုကောင်းတဲ့ ညီမရင်းဆိုလည်း မမှား
 မင်းလုပ်ရပ်ကတော့ လူမိုက် မင်းအတွက်ပဲ မင်းမိုက်တာ ဆိုပေမယ့် 
 လူမိုက်ဆိုေ၇ှာင်လွဲလို့ မမှီဝဲ နဲ့ ကင်းအောင်နေ ဆိုတဲ့ ဆုံးမစကား
ငါ့ နားမှာ အခါ ခါ ကြားယောင်လို့ 

ကူးစက်တတ်တဲ့ အနံ့ ရဲ့ သဘော
ပန်းထုပ်တဲ့ပုဝါမှာ မစင်နံ့ ပါရင် ဒီပန်းရဲ့ တန်ဖိုးက ဘယ်မှာရှိမလဲ

သံယောဇဉ် နှောင်ကြိုးကတော့ တင်းလှပါဘိ
ငြင်းလို့ ရုန်းထွက်ရတော့ မလား သူငယ်ချင်းရယ်

In: ကဗျာ Posted By: Date: Jan 11, 2012
Comment #1

စိတ်ဓါတ်ခွန်အား လူခွန်အားကို ယုတ်လျော့ စေတယ်ဆိုရင်
အဆိပ်သင့်အချစ်
စားမိလက်စ မို့ ဆိုပီး အဆိပ်သီးကို
ဆက်ပြီးပဲ မြိုမှာလား ထွေးထုတ်မှာလား

commentinfo By: May Kha at Jan 11, 2012
Comment #2

real story?
cos of that bad guys,,,she is worse,
cos of his cheating love,,she damages,
how poor women r..?
men r always cruel,unkind-hearted,selfish.hint,,,
wit le par say,

commentinfo By: ei lay at Jan 11, 2012
Comment #3

ဖတ်သွားပါတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Jan 11, 2012
Comment #4

real story.

commentinfo By: Nothing Special at Jan 11, 2012
Comment #5

ခံစားအားပေးသွားပါတယ်….ဗျာ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jan 11, 2012
Comment #6

တကယ်ဝမ်းနည်းစရာလေးပါပဲ
အားပေးသွားပါတယ်ဗျာ

commentinfo By: ရွှေကြယ်မိုး at Jan 11, 2012
Comment #7

what’s going on finally?
do u leave her,,ur fri?
how these couples?

commentinfo By: ei lay at Jan 11, 2012
Comment #8

How can I leave her. She is so kind to me, help me, she impress me. She always told me I am her ideal. She always stand on my side.
Her boy friend love her, cry for her but he can not be cured her mind. she is so hurt in heart as she saw his boy friend kindly manner to his lady. He has wife.

commentinfo By: Nothing Special at Jan 12, 2012
Comment #9

what?
is she insane?
why did she love married-man?
oh,,god,,
so shameful…
she broke the rules,,,

commentinfo By: ei lay at Jan 12, 2012
Comment #10

nope,,
i gave wrong comment.
what’s wrong with that married guy?
how that married is low-standard?
if already married,why that man broke the rules?
what that married man is so shameless.

commentinfo By: ei lay at Jan 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment