Professional Authors

လူ

 

 


ကောင်းကင်အမိုးနဲ့ မဆန့်တဲ့


မျှော်လင့်ချက်တွေရှိတယ်


ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲပြီး


ဂန္ဓာရီတွေကို ပိုယုံကြည်တတ်တယ်


သူက လူပီသအောင်ကြိုးစားရင်း


လူပီသမှုနဲ့ လွဲချော်တတ်တယ်


သူက ဇာတ်တူသားအချင်းချင်းကို


အမဲလိုက်တတ်တယ်


ယူလို့မဆုံးတဲ့ သင်္ခန်းစာတွေနဲ့


ဘ၀ကိုကျားကန်တတ်တယ်


သူက ဖန်ဆင်းရှင်ဖြစ်ရင်


ဖျက်ဆီးသူဟာလဲ သူပဲဖြစ်နေတတ်တယ်


သူဟာ သစ္စာတရားကိုရင်ဝယ်ပိုက်ထွေးရင်း


မုသားကိုလဲ ကိုလဲဖင်ခုထိုင်တတ်တယ်


ဘယ်ဘုရား ဘယ်နတ် ဘယ်ဇာတ်ပဲ ကိုးကွယ်သူဖြစ်ဖြစ်


နောက်ဆုံးသွားတဲ့ နိဂုံးလမ်းကတော့


အားလုံးအတူတူသွားကြလဲ


သူပဲ


အလိမ္မာဆုံးသက်ရှိဟာ သူဖြစ်ရင်


အမိုက်မဲဆုံး သက်ရှိဟာ သူဖြစ်လို့နေပြန်တယ်


အဲဒီိလိုနဲ့ သူဟာ


မိုးပေါ်က တိမ်တွေလိုပဲ


အရောင်ကွဲ အဆင်ကွာ


ပြောင်းလဲပြီးရင်း ပြောင်းလဲလာ


စရိုက်အမျိုးမျိုးနဲ့


ဘုံဘ၀ ထိုထိုမှာ


လည်ပတ်ကာ သွားလာ


အဲဒီသူဟာ


လူပါလို့ပြောရင်


ခင်များ ရီလိမ့်မယ်။ ။

 

 

In: ကဗျာ Posted By: Date: Oct 9, 2011
Comment #1

ကောင်းကင်အမိုးနဲ့ မဆန့်တဲ့

မျှော်လင့်ချက်တွေရှိတယ်

ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲပြီး

ဂန္ဓာရီတွေကို ပိုယုံကြည်တတ်တယ်

သူက လူပီသအောင်ကြိုးစားရင်း

လူပီသမှုနဲ့ လွဲချော်တတ်တယ်

commentinfo By: Han at Oct 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment