Professional Authors

ဒီ မေးရိုးအကျိုးကြီးထဲက ထမင်းဝိုင်းမှာ

စပျစ်သီးလိုမျိုး သိပ်ငတ်တဲ့ နံရိုးငေါငေါမှာ

ပွင့်နေတဲ့ ဒဏ်ရာတွေက မချဉ်နိုင်သေးတာလွဲရင်

အစာအိမ်ဟာ စိတ်နဲ့ စိတ်

တင်းမာပြတ်တောက်ပစ်လိုက်ဖို့ ရိုက်ခွဲနေမိခဲ့

 

ခြစားဆွေးမြေ့နေတဲ့ အိမ်တိုင်ထဲက တာဝန်ယူနိုင်မှုကို

မေးခွန်းလို ဆွဲနှုတ်မိတဲ့ တော်လှန်ရေး

 

မီးဝိုင်းခွင့်တောင်မရတဲ့ စဉ်းတီတုံးပေါ်

ကြက်ခြေခတ်တွေ ခုတ်မယ့် အမြင်ကို

ဓါးတစ်လက်လို ပေးမိတဲ့ အရူးပါ

 

တစ်နေဝင် တစ်နေထွက် ထိုးဆိတ်ခံနေရတဲ့ အနာထဲ

ပျောက်နေတဲ့ အဓိပါယ်လေး တွေ့လိမ့်နိုးနဲ့

လမ်းတွေ တွန့်ကြေရပ်တန့်နေတဲ့

ဒီ မေးရိုးအကျိုးကြီထဲမှာမှ

ရှင်သန်ခွင့်ကို လျောက်လွှာတင်မိရတယ်လို့

 

စုန်းပြူး

 

In: ကဗျာ Posted By: Date: Feb 16, 2012
Comment #1

hin,,,
hote loh lar?
a g g par..
1 ka bar lone ka a kyaung tway par de lay,,

commentinfo By: ei lay at Feb 16, 2012
Comment #2

မြန်မာက မြန်မာကို မျောက်အဖြစ် လက်ညိုးထိုး
မျောက်ပြဆန်တောင်း အဖြစ်တွေ
အဲ့ဒီလူတွေကို
မျောက်အဖြစ် ပြန်အသုံးချ ဆန် တောင်း နေကြ
နိုင်ငံခြားသားများ…

commentinfo By: kantkawmg at Feb 16, 2012
Comment #3

အတွေးက ပုစိညှောက်တောက်တို့ ရှည်စိညှောက်တောက်တို့ အဲ့ဒါတွေကျွန်တော်နားမလည်ဘူး
ပညာတွေအများတွေပါတဲ့အတွက် ဖတ်သွားပါတယ် ။

commentinfo By: X - ray at Feb 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment