Professional Authors

Atiantis

ရုတ်တရက်တိုးဝင်လာတဲ့လေပြေလို
ခြေဖျားလက်ဖျားအေးစက်သွား
နှလုံးသားအေးခဲ
မ နှုတ်ခမ်းဖျားမှာ ကျနော့်ပင်သက်တွေပါသွားရဲ့
တိတ်တဆိတ်ခိုးချသက်ပြင်းများ
အခန်းမျက်နှာကြက်မှာပြန့်ကျဲ
တုန်ရီဝေခိုက် ဖျတ်ကနဲလင်းသွား
မျက်နက်ဝန်းများ
မနက်ဖြန်တစ်ရက်တိုးပြီးအသက်ရှင်တယ်
မကျီစယ်လိုက်ပါနဲ့
ဒီခရီးရှည်ဖြောင့်ဖြောင့်တန်းတန်းသွားပါစေ
တစ်ပတ်တစ်ခါ လမင်းသာတယ်
အကြင်နာအကြည့်များပိုင်ရှင်
ဝိုင်ချိုတခွက်လိုမူးယစ်
ငါ့ကိုမနှိုးကြပါနဲ့။

In: ကဗျာ Posted By: Date: Apr 7, 2013
Comment #1

😉

commentinfo By: ei lay at Apr 7, 2013
Comment #2

အကြင်နာအကြည့်များပိုင်ရှင်
ဝိုင်ချိုတခွက်လိုမူးယစ်
ငါ့ကိုမနှိုးကြပါနဲ့။
I don’t wanna wake up u anymore .. Hee

commentinfo By: မေပျို at Apr 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment