Professional Authors

“………ထဲမှာ”

ကြားချင်မှုတစ်ခုအတွက်ပဲ
နားကိုမစွင့်တော့ဘူး
ခပ်မြင့်မြင့်လူတွေဖို့
နားရင်းအုပ်ဖို့ပါဖြစ်စေပြီ
အမှားမရှိလည်း
နားလှည့်ပါးရိုက်ခံရတာက
ရိုးနေပြီ………

မြင်လိုမှုတစ်ခုအတွက်ပဲ
မျက်လုံးကိုမဖွင့်တော့ဘူး
ပေါက်ကရမြင်နေရတာတောင်
မမြင်ချင်ယောင်ဆောင်နေရလို့
အယောင်ဆောင်နေရရင်း
တကယ်ကန်းသွားပြီ
အမှန်တွေလည်းပျောက်လို့

ကျုပ်စကားမပြောတတ်တော့ဘူး
ဟုတ်တယ်မိတ်ဆွေ ….
အမှားတွေကတစ်ရံစာမှမကတာ
အမှန်တွေပျောက်ပြီး
မုသားတောထဲလည်ရင်းနဲ့
စကားတွေပျောက်လို့
အသံတွေ”အ”ကုန်တာပါ

နား၊မျက်လုံး၊ပါးစပ်
မိမွေးတိုင်းဖမွေးတိုင်းသာကျန်နေတာ
အလုပ်မလုပ်တာကြာပြီ
လူတွေကြားထဲနေရကထဲကပဲ
အင်းးးး……
ငရုတ်သီးအစားများတော့လည်း
စပ်လို့စပ်မှန်းတောင်မသိတော့ဘူး

myatthuraaung
[email protected]
(ကဗျာခေါ်င်းစဉ်လေးကိုကျနော်ဒီလိုလေးပဲပေးချင်လို့ပါ ခေါင်းစဉ်ကကဗျာဖတ်သူပဲပေးလို့ကောင်းမှာပါ
လိုအပ်မယ်ထင်တာကိုအားမနာတမ်းဝေဖန်ပါခင်ဗျာ သည်းငြည်းခံဖတ်ပေးတာကိုကျေးဇူးတင်ပါသည် -မောင်မြတ်သူ(ခေတ္တ-လှည်းတန်း))

In: ကဗျာ Posted By: Date: Oct 7, 2011
Comment #1

လိုက်ပါတယ်ဒီခေါင်းစဉ်လေးပဲ
ကောင်းပါတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment