Professional Authors

”ဝေးကြောင်မလေးးးး”

ကြောင်မလေး

နိုင်စားတတ်လွန်းတဲ့

မတိုးဝှေ့သော်ငြား

ဝါကျများနဲ့ချွဲ့နွဲ့တတ်တဲ့

အချိန်ကိုမှခိုးစားတတ်သော

စူပုတ်ပုတ်ကြောင်မလေးး

 

ကြောင်မလေး

တက်ဒီရုပ်လေးကိုကိုက်ချီထားတဲ့

အိပ်ရာပေါ်ကကပိုကယို့ကြောင်မလေး

စိတ်ကောက်လွယ်ပီး

စိတ်ပြေလွယ်သော

ကျနော့်ရဲ့အဝေးကကြောင်မလေးး

 

ကြောင်မလေး

ဝါကျများနဲ့သတ်ပီး

ဝါကျများနဲ့ရှင်စေသော

ကဗျာကိုမှကြိုက်တဲ့ကြောင်မလေး

ဒီကဗျာကိုစားသုံးပါ မှီဝဲပါ

မင်းအတွက်ဗီတာမင်မပါတဲ့

အဟာရဖြည့်စွက်စာပေါ့ကြောင်မလေးး

 

ကြောင်မလေး

နိုင်စားတတ်လွန်း

ချယ်လှယ်နိုင်လွန်းသောကြောင်မလေး

သင်သိသောလက်သည်းဝှက်နည်း

သင်သိသောဆွဲဆောင်မှုနည်းများနဲ့မကစားစေလိုကြောင်းက

ခံစားရသူအတွက်

သတ္တ၀ါနဲ့လက်နက်က မမျှလို့ရယ်

 

ကြောင်မလေး

မင်းဆီမှာချယ်ရီတွေပွင့်ပါစေ

နွေဦးအမြဲရှင်သန်နိုင်ပါစေ

ဝတ္တရားမဆန်တဲ့ခင်မင်မှုမျိုးကိုရရှိပါစေ

ဒါမင်းအတွက်

ကျွပ်ကျွပ်ဝါးစေချင်တဲ့

ကဗျာကင်လေးတစ်ပုဒ်..။

 

မောင်မြတ်သူ( ခေတ္တ-လှည်းတန်း)

In: ကဗျာ Posted By: Date: Jan 10, 2012
Comment #1

kwi,,kwi,,,
kyike twar p..
ei lay ko pyaw nay ta lo pe….lol…
now feel happy so much after reading this lovely poem.

commentinfo By: ei lay at Jan 10, 2012
Comment #2

ကြွက်လေး
ကဗျာကောငိးကိုဖတ်ခွင့် ရလို့ ကျေးဇူးဗျာ
xo good !

commentinfo By: sharon myorr myor at Jan 10, 2012
Comment #3

ကဗျာလေးက ချစ်စရာလေး

commentinfo By: Nothing Special at Jan 11, 2012
Comment #4

အဟမ်း ~~
စူပုတ်ပုတ်ကြာင်မလေးတဲ့
ကဗျာလေးက တစ်မျိုးဆန်းတယ်ဗျ
ဝတ္တရားအရ ဖတ်သွားတာမဟုတ်ဘူးနော်
ဒါကြောင့် g t မှာ ကျေးဇူးလို့မပြောစေလိုပါဗျာ ။

commentinfo By: X - ray at Jan 12, 2012
Comment #5

Chit pho kg lite tae kabyar lay…..

commentinfo By: Shwezinmyatnoe at Apr 23, 2013
Comment #6

အမယ်လေးလေး
ဒီ ကဗျာလေးဟာ သိပ်ချစ်စရာကောင်းလွန်းတယ်
ရှယ်လို့ရမလား .. ရှင်

commentinfo By: maypyo22889 at Apr 24, 2013
Comment #7

har a yan kaung dal ..i like that

commentinfo By: cynthia at Apr 24, 2013
Comment #8

Whenever I read,,same feeling with joy

commentinfo By: ei lay at Apr 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment